မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် တရားဝင်ကျင်းပပြုလုပ်မယ့် PUBG MOBILE Myanmar Tournament ပြိုင်ပွဲကြီးကို Title Sponsor အဖြစ် ပူးပေါင်းဆောင်ရွက်သွားမယ့် OPPO

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် တရားဝင် ကျင်းပပြုလုပ်သွားမယ့် PUBG MOBILE Myanmar Tournament  ပြိုင်ပွဲကြီးကို OPPO Myanmar မှ Title Sponsor အဖြစ် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ PLAYERUNKNOWN’S BATTLEGROUNDS (PUBG) မိုဘိုင်းဂိမ်းကို ထုတ်လုပ်သော Tencent Company သည်  PUBG MOBILE Myanmar Tournament ပြိုင်ပွဲကို မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင်ယူဆောင်လာတာဖြစ်ပြီး OPPO Myanmar နဲ့ နှစ်ရှည်ပူးပေါင်းဆောင်ရွက်ကာ PUBG မိုဘိုင်းဂိမ်းပြိုင်ပွဲများကို ကျင်းပပေးသွားတော့မှာ ဖြစ်ပါတယ်။ Global company တစ်ခုဖြစ်တဲ့ OPPO ဟာ ၂၀၁၉ အတွင်း Tencent နဲ့ ပူးပေါင်းကာ PUBG MOBILE Tournament  ပြိုင်ပွဲတွေကို အိန္ဒိယနဲ့ ရုရှားမှာလည်း ကျင်းပပေးနေပြီး မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ် Title Sponsor အဖြစ်ပံ့ပိုးကူညီသွားတော့မှာ ဖြစ်ပါတယ်။ ကျင်းပပြုလုပ်မယ့် ပြိုင်ပွဲတွေကို Game Cast Network Myanmar မှလည်း organizer အနေဖြင့် ကူူညီအားဖြည့်ပေးသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

OPPO Myanmar မှ Title Sponsor အဖြစ်ကူညီပံ့ပိုပေးထားသော ပထမဆုံးပြိုင်ပွဲဖြစ်တဲ့ Community Battlegrounds ပြိုင်ပွဲကို ဇူလိုင်လ (၁၄) ရက်နေ့က online ပြိုင်ပွဲတစ်ခုအဖြစ် PUBG MOBILE official page တွင် စာရင်းပေးသွင်းမှုတွေပြုလုပ်ခဲ့ပြီး အုပ်စုအဆင့်ပြိုင်ပွဲတွေကို ဇူလိုင်လ (၂၂)ရက်နေ့က အသင်းပေါင်း (၁၆၀) သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အုပ်စုတစ်ခုခြင်းဆီကနေ အနိုင်ရရှိသော အသင်း (၁၆) သင်းကို ဖိုင်နယ်အဖြစ် ယှဉ်ပြိုင်ကစားစေခဲ့ပြီး အနိုင်ရရှိသောအသင်း (၄)သင်းကို စုစုပေါင်း UC 100,000 points ချီးမြင့်ခဲ့ပါတယ်။

ဒုတိယမြောက်ပြိုင်ပွဲဖြစ်သော King of the Hills ကိုလည်းကျင်းပပေးသွားမည်

PUBG မိုဘိုင်းဂိမ်းချစ်သူတွေပါဝင်ကစားနိုင်မယ့် King of the Hills offline event ပြိုင်ပွဲကိုလည်း OPPO Myanmar မှ စက်တင်ဘာလ (၁)ရက်နေ့ Junction Square တွင် ကျင်းပပေးသွားမှာ ဖြစ်ပြီး pre-register လုပ်ရန်မလိုပဲ PUBG ဂိမ်းကို စိတ်ဝင်စားတဲ့ မည်သူမဆိုပါဝင်ဆင်နွှဲနိုင်မှာဖြစ်ပါတယ်။ King of the Hills ပြိုင်ပွဲတွင် မျက်နှာပြင်ပြည့် Panoramic Screen၊ PUBGလို မိုဘိုင်းဂိမ်းကစားရာမှာ frame rate မကျပဲ ညက်ညောစွာကစားနိုင်အောင် ထောက်ပံ့ပေးထားတဲ့ Hyperboost၊ 4000 mAh ဘက်ထရီ နဲ့အတူ VOOC 3.0 အမြန်အားသွင်းစနစ် ပါဝင်သော OPPO F11 Pro စမတ်ဖုန်းဖြင့် ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ King of the Hills PUBG MOBILE Tournament ပြိုင်ပွဲကို ပထမအဆင့် Community Battlegrounds ပြိုင်ပွဲတွင် ပထမဆုနဲ့ ဒုတိယဆုရရှိသော အသင်းများမှ ကစားသမား (၈)ဦးနဲ့အတူ TPP Mode တွင် Solo ပွဲများ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်သော PUBG မိုဘိုင်းဂိမ်းချစ်သူများကို စုစုပေါင်းဆုကြေးငွေ 1,000 USD အထိချီးမြှင့်ပေးသွားမှာ ဖြစ်တဲ့အတွက် လာရောက်ကစားနိုင်ရန် ဖိတ်ခေါ်လိုက်ရပါတယ်။

#OPPOMYANMAR

%d bloggers like this: