Meizu 16s Pro ရဲ့ ဓါတ်ပုံနဲ့ Key Specs တွေကို သိရပြီ

 

Meizu 16s Pro ကို ဒီလ ၂၈ ရက်မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ အခုတော့ ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဌ Hua Hailiang က သူ့ရဲ့ ဓါတ်ပုံ ၁ ပုံကို ပြသလိုက်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းက Meizu 16s နဲ့ တူပါတယ်။ အစိမ်းရင့်ရောင် ဖြစ်ပြီး မျက်နှာပြင်ဘေးဘောင်တွေက ပါးလွှာပါတယ်။

ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ သူ့ရဲ့ Specs တွေကို ဖော်ပြထားပါတယ်။ သူ့မှာ Snapdragon 855+ SoC မောင်းနှင်ထားပါတယ်။ 8GB နဲ့ 12GB RAM တွေ ရွေးချယ်နိုင်ပါတယ်။ 256GB UFS 3.0 Storage ထည့်သွင်းထားပါတယ်။ 90Hz AMOLED Display ပါပြီး မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။ Flyme 8 OS ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 48MP အပါအဝင် ကင်မရာ ၃ လုံး ပါလာမှာပါ။

3C ရဲ့ ဒေတာဘေ့စ်အရ Meizu 16s Pro မှာ 24W Fast Charging ကိုထောက်ပံ့တဲ့ Charger ပါလာမယ်လို့ သိရပါတယ်။ Meizu 16s မှာလည်း 24W Fast Charging ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဇူလိုင်လ အစောပိုင်းမှာ တရုတ် အွန်လိုင်း စတိုး Taobao က Meizu 16s Pro Smartphone ကို စာရင်းတင်ထားပါတယ်။ ဓါတ်ပုံကိုလည်း ပြသထားပြီး ဒီဇိုင်းက Meizu 16s နဲ့ တူပါတယ်။ Notch-less Display ထည့်သွင်းထားပြီး မျက်နှာပြင်ဘေးဘောင်တွေက ပါးလွှာပါတယ်။ မျက်နှာပြင်အထက်မှ ဘောင်မှာ ဆဲလ်ဖီး ကင်မရာ တစ်လုံး ထည့်သွင်းထားပါတယ်။

Ref : gsmarena

Meizu 16s Pro ရဲ့ ဓါတ်ပုံနဲ့ Key Specs တွေကို သိရပြီ

%d bloggers like this: