6G ကို ဖန်တီးနေတဲ့ Huawei

 

5G ကိုတောင် ကမ္ဘာအဝန်းမှာ ကျယ်ကျယ်ပြန့်ပြန့် မသုံးနိုင်သေးပါဘူး။ ဒါပေမယ့် နောက်မျိုးဆက် မိုဘိုင်း ဆက်သွယ်ရေး နည်းပညာကို စတင် ဖန်တီးနေကြပါပြီ။ အဲဒီအထဲမှာ Huawei လည်း ပါဝင်ပါတယ်။ Huawei ဟာ အိုတာဝါမှ သူ့ရဲ့ သုတေသန စင်တာမှာ 6G နည်းပညာကို သုတေသန ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီနည်းပညာကို ဖန်တီးဖို့ တက္ကသိုလ်နဲ့ အဖွဲ့အစည်းပေါင်း ၁၃ ခုကျော်နဲ့ Huawei က နီးနီးကပ်ကပ် အလုပ်လုပ်နေပါတယ်။

6G ကို ဖန်တီးနေတဲ့ အခြား ကုမ္ပဏီတွေလည်း ရှိပါသေးတယ်။ တောင်ကိုရီးယားရဲ့ အထင်ကရ မိုဘိုင်း အော်ပရေတာ SK Telecom ကလည်း နာက်မျိုးဆက် 6G မိုဘိုင်း ဆက်သွယ်မှု နည်းပညာကို စိတ်ဝင်စားနေပါတယ်။ ကုမ္ပဏီက 6G ကို ဖန်တီးဖို့ အတွက် Nokia နဲ့ Ericsson တို့နဲ့ ပူးပေါင်းမယ်လို့ ကြေညာထားပါတယ်။ သူတို့ ပူးပေါင်းမှုမှာ SK Telecom ရဲ့ လက်ရှိ 5G ကွန်ရက်များကို ပိုကောင်းအောင်လုပ်ဖို့လည်း ပါဝင်ပါတယ်။

တောင်ကိုရီးယားရဲ့ အထင်ကရ နည်းပညာ ကုမ္ပဏီ ဖြစ်တဲ့ ဆမ်ဆောင်းကလည်း 6G ကို ဖန်တီးနေပါတယ်။ ဆမ်ဆောင်းဟာ 5G ကွန်ရက်ကို အစောပိုင်း ဖြန့်ချီပြီးနောက်မှာ သူ့ရဲ့ လက်ရှိ သတင်းအချက်အလက် ဆက်သွယ်ရေး သုတေသန အဖွဲ့ကို သုတေသန စင်တာကို ပို့ဆောင်ပေးမယ်လို့ တရားဝင် အတည်ပြုထားပါတယ်။ ဒါဟာ ဆမ်ဆောင်းရဲ့ ဆိုးလ်မှ ပင်မ သုတေသန ဌာနအဖြစ် အလုပ်လုပ်နေတဲ့ Samsung Research လက်အောက်က Advanced Communications Research Center ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

6G ကွန်ရက်ကို သုတေသနပြုလုပ်တဲ့ အပြင် Samsung Research ဟာ ဉာဏ်ရည်တု အသိပညာနဲ့ စက်ရုပ်များကိုလည်း သုတေသနပြုလုပ်နေပါတယ်။ ဒါပေမယ့် 6G ကွန်ရက် နည်းပညာကို အသုံးပြုနိုင်ဖို့ နှစ်များစွာ လိုပါသေးတယ်။ 5G ကိုတောင် ကမ္ဘာအဝန်းမှာ သုံးနိုင်ဖို့ အချိန်ယူရဦးမှာပါ။

Ref : gsmarena

6G ကို ဖန်တီးနေတဲ့ Huawei

%d bloggers like this: