Huawei က EMUI 10 ရမယ့် ဖုန်းတွေကို ကြေညာ

 

Huawei က ပြီးခဲ့တဲ့ တစ်ပတ်က EMUI 10 ကို ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ကို ရမယ့် ဖုန်းတွေကို Huawei က ပြောကြားလိုက်ပါတယ်။ Huawei P30 နဲ့ P30 Pro တို့ဟာ စက်တင်ဘာလ ၈ ရက်မှာ Beta Version ကို အစောဆုံး ရရှိမှာပါ။  Mate 20 Series တွေကတော့ Honor Device ၄ လုံးနဲ့ အတူ စက်တင်ဘာလ နှောင်းပိုင်းမှာ ရရှိမှာ ဖြစ်ပါတယ်။ EMUI 10 ရမယ့် ဖုန်းတွေနဲ့ အချိန်ဇယားတွေကို အောက်မှာ လေ့လာပါ။

Scheduled for September 8

  • Huawei Mate 20
  • Huawei Mate 20 RS Porsche Design
  • Scheduled for late September under the name Magic UI 3.0

  • Huawei Honor 20
  • Huawei Honor Magic 2
  • EMUI 10 မှာ UI ကို အသွင်ဆန်းသစ်ထားပြီး စွမ်းဆောင်ရည် မြင့်မားလာပါတယ်။ System-wide Dark Mode နဲ့ လုပ်ဆောင်ချက် အသစ်တွေ ပါလာပါတယ်။ ဒီဇိုင်းအပိုင်းကို ပြောရမယ် ဆိုရင် EMUI 10 မှာ ပိုလုံးဝန်းလာတဲ့ အိုင်ကွန်တွေနဲ့ Animations အသစ်တွေ သုံးထားပါတယ်။ Dark Mode အသစ်ကို Third Party Apps တွေမှာပါ သုံးနိုင်လာပါတယ်။ Always on Display Option ပါလာပါတယ်။

    EMUI 10 ဟာ တိုးတက်လာတဲ့ EROFS File System နဲ့ GPU Turbo 3.0 ကြောင့် တုန့်ပြန်မှု ပိုကောင်းလာပါတယ်။ App တွေ ပြောင်းသုံးတဲ့အခါ ပိုမြန်လာပြီး Latency နည်းပါးလာပါတယ်။ Huawei က ဖုန်းနဲ့ ပီစီကို ချိတ်ဆက်နိုင်တဲ့ Multi-screen Collaboration လုပ်ဆောင်ချက် အသစ်ကိုလည်း ပြသလိုက်ပါတယ်။ ဖုန်းနဲ့ ပီစီကို ကြိုးမဲ့ ချိတ်ဆက်နိုင်ပြီး ဖုန်းမှ အရာတွေကို ပီစီမှာ Mirror လုပ်နိုင်ပါတယ်။ ပီစီကနေ ဖုန်းမှ ဖိုင်တွေကို ရယူခြင်း၊ ဖိုင်တွေ ကူးခြင်းနဲ့ ဖုန်းထံ ဝင်လာတဲ့ စာတွေကို စာပြန်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

    Ref : gsmarena

    Huawei က EMUI 10 ရမယ့် ဖုန်းတွေကို ကြေညာ

    • Huawei P30
    • Huawei P30 Pro

    • Huawei Mate 20
    • Huawei Mate 20 Pro
    • Huawei Mate 20 RS Porsche Design

    • Huawei Honor 20
    • Huawei Honor Magic 2

    %d bloggers like this: