Realme က ကိုယ်ပိုင် OS ကို ဖန်တီးနေ

Realme က ကိုယ်ပိုင် OS ကို ဖန်တီးနေတယ်လို့ စီအီးအို Madhav Sheth က ပြောပါတယ်။ လက်ရှိမှာတော့ Realme ဟာ သူ့ရဲ့ ဖုန်းတွေမှာ OPPO ရဲ့ Color OS ကို ထည့်သုံးနေပါတယ်။ ဒါပေမယ့် Fans တွေ လိုချင်တဲ့ လုပ်ဆောင်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကိုယ်ပိုင် OS ကို ဖန်တီးမှာပါ။

 

Realme OS ရဲ့ သတင်းအချက်အလက် အသေးစိတ်ကို မသိရသေးပါဘူး။ အဲဒီ OS ကို ဒီနှစ်ကုန် ဒါမှမဟုတ် နောက်နှစ် အစောပိုင်းမှာ ဖြန့်ချီပေးနိုင်ပါတယ်။ လက်ရှိ ရောင်းချထားတဲ့ Realme Phones တွေမှာ ကိုယ်ပိုင် OS ကို ထည့်သွင်းပေးမလား ဆိုတာ မသိရသေးပါဘူး။ အဲဒီ OS ဟာ Android Q အခြေပြု ဖြစ်မယ်လို့ ထင်ပါတယ်။ Sheth က ဒီသတင်းကိုလည်း မပြောသေးပါဘူး။

အဲဒီ OS ဟာ Oxygen OS ဒါမှမဟုတ် Color OS နဲ့ တူညီမလားဆိုတာလည်း မသိသေးပါဘူး။ ဧပြီလက အင်တာဗျူး ၁ ခုမှာ Sheth က “ Stock Android ဟာ ပြည့်စုံတယ်လို့ မထင်ပါဘူး။ “ လို့ ပြောခဲ့ပါတယ်။ သူက ကုမ္ပဏီဟာ Stock Android ရဲ့ စွမ်းရည်နဲ့ ကာလရှည်ကြာ ထောက်ပံ့မှုကို ရည်ရွယ်ပေမယ့် အလန်းစား လုပ်ဆောင်ချက် အချို့ကိုလည်း ထည့်သွင်းပေးချင်ပါတယ်လို့ ပြောပါတယ်။

သူက ဒေဝါလီနေ့ မတိုင်ခင်မှာ ၁ ခုခုလာမယ်လို့ အရိပ်အမြွက် ပြောပြီး 64MP Quad Camera Phone ကို ကြေညာမှာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၇ ရက်မှာ  ဒေဝါလီနေ့ ကျရောက်မှာပါ။ Realme 5 တွေကိုတော့ ဒီလ ၂၀ ရက်မှာ ကြေညာမှာပါ။

Ref : gsmarena

Realme က ကိုယ်ပိုင် OS ကို ဖန်တီးနေ

%d bloggers like this: