RAM 3GB နဲ့ 4000mAh ဘက်ထရီပါတဲ့ Panasonic Eluga A2 တန်ဖိုးနည်းစမတ်ဖုန်း ထွက်ရှိ

တန်ဖိုးနည်းစမတ်ဖုန်းတွေနဲ့ အိန္ဒိယမှာနာမည်ရနေတဲ့ Panasonic ဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့တုန်းက Eluga A2 ဆိုတဲ့ တန်ဖိုးနည်းစမတ်ဖုန်းအသစ်တစ်လုံးကို ထပ်မံထုတ်လုပ်လိုက်ပါတယ်။

Panasonic Eluga A2 စမတ်ဖုန်းဟာ တန်ဖိုးငွေအားဖြင့်၊ ရူပီ ၉၄၉၀ (မြန်မာငွေ တစ်သိန်းခြောက်သောင်းခန့်) သာရှိပြီး၊ ဘက်ထရီက 4000mAh ဘက်ထရီတောင် ပါဝင်လာပါတယ်။  SIM နှစ်ကတ်ထိုးဖုန်းဖြစ်ကာ၊ 4G လည်းအသုံးပြုနိုင်ပြီး၊ ရွှေရောင်နဲ့ ငွေရောင်ဆိုပြီး ကာလာနှစ်မျိုးရရှိမှာပါ။

Eluga A2 စမတ်ဖုန်းကို Android 5.1 Lollipop စနစ်နဲ့ လည်ပတ်ထားပြီး၊ Panasonic ရဲ့ FitHome UI အုပ်ထားပါတယ်။ မျက်နှာပြင်အကျယ်က ၅.၅ လက်မရှိပြီး၊ HD resolution (720×1280 pixel) နဲ့ ဖြစ်ပါတယ်။ ပရိုဆက်ဆာမှာတော့ 1GHz quad-core SoC ကို အသုံးပြုထားပြီး၊ RAM 3GB နဲ့ ဖုန်းတွင်း storage 16GB ပါဝင်ပါတယ်။ microSD ကတ်စိုက်မယ်ဆိုရင်လည်း 128 GB အထိ ထပ်စိုက်နိုင်ပါသေးတယ်။ ဘတ်ဂျတ်စမတ်ဖုန်းတွေထဲမှာ ဒီလို VoLTE လည်းရပြီး၊ RAM 3GB ပါ၊ microSD ကတ် 128 GB အထိ စိုက်နိုင်တဲ့ဖုန်းဆိုတာ ရှားတာကြောင့်၊ Eluga A2 အနေနဲ့ လူကြိုက်များဖို့ရှိနေပါတယ်။

FM ရေဒီယို ၊ Bluetooth 4.0 ၊ GPS ၊ A-GPS ၊ Wi-Fi စတဲ့ ဆက်သွယ်မှုစနစ်တွေ အကုန်ပါဝင်ပြီး၊ VoLTE ( အရည်အသွေးမြင့် 4G အသံစနစ်) ပါ အသုံးပြုနိုင်ပါတယ်။ အလေးချိန်ကလည်း ၁၆၇.၅ ဂရမ်ပဲရှိတာကြောင့် ကိုင်ဆောင်ရတာ ပေါ့ပါးမှုရှိမှာပါ။ အားနည်းချက်တစ်ခုကတော့ လက်ဗွေရာဆန်ဆာမပါဝင်လာပါဘူး။

Panasonic ဟာ ယခုလအစောပိုင်းတုန်းကလည်း RAM 2GB နဲ့ 3GB ပါ Eluga 12 နဲ့ Eluga 13 စမတ်ဖုန်းမော်ဒယ် နှစ်မျိုးအသစ်ကို မြန်မာငွေတစ်သိန်းခွဲခန့်နဲ့ ထုတ်ခဲ့ပါသေးတယ်။

Ref: Gadgets 360

One thought on “RAM 3GB နဲ့ 4000mAh ဘက်ထရီပါတဲ့ Panasonic Eluga A2 တန်ဖိုးနည်းစမတ်ဖုန်း ထွက်ရှိ

  1. မြန်မာနိုင်ငံမှာကော စတင်ဈေးကွက်ဖြန့်နေပြီလား မဖြန့်ရသေးဘူးဆိုရင်ဘယ်တော့လောက်စဖြန့်မလဲ ပုံစံလေးနဲ့ system ဖွဲ့စည်းထားပုံကိုသဘောကျလို့ပါ

%d bloggers like this: