စက်တင်ဘာလမှာ ထွက်လာနိုင်တဲ့ ၁၆ လက်မ Apple MacBook Pro

Apple ရဲ့ စွမ်းဆောင်ရည်မြင့် MacBook အသစ်ကို မျှော်လင့်နေသူများအတွက် သတင်းကောင်းပါ။ ထိုင်ဝမ် အခြေစိုက် ဈေးကွက် သုတေသန အဖွဲ့အစည်း TrendForce က Apple ဟာ ၁၆ လက်မ MacBook Pro ကို စက်တင်ဘာလမှာ ကြေညာနိုင်တယ်လို့ ပြောပါတယ်။ မကြာခင်ကလည်း IHS Markit ရဲ့ Emerging PC Market Tracker က Apple ဟာ ၁၆ လက်မ MacBook Pro ကို စက်တင်ဘာလမှာ ကြေညာမယ်လို့ ပြောပါတယ်။

IHS Markit ရဲ့ Consumer Electronics ဌာနမှ Associate Director ဖြစ်သူ Jeff Lin က စက်တင်ဘာလ ၁၉ ရက်နေ့မှာ ကျင်းပမယ့် Apple Event မှာ လက်ပ်တော့ အသစ်ကို ကြေညာမယ်ဆိုတာ ခန့်မှန်းမိပါတယ်လို့ ပြောပါတယ်။ မော်ဒယ် အသစ်မှာ LCD Display ထည့်သွင်းထားမှာ ဖြစ်ပြီး 3072x1920p Resolution ဖြစ်ပါတယ်။ LG က ဖန်တီးပေးထားတာပါ။ လက်ပ်တော့ အသစ်မှာ MacOS အသစ် ဖြစ်တဲ့ Catalina နဲ့ ပရော်ဆက်ဆာ အသစ်ပါလာမှာ ဖြစ်ပါတယ်။

Apple က ၁၃.၃ လက်မ MacBook Pro (Non-touch Bar ) နဲ့ ပြီးခဲ့တဲ့နှစ်ထုတ် MacBook Air များအတွက်လည်း CPU အသစ်များကို ထည့်သွင်းရောင်းချနိုင်တယ်လို့ ပြောပါတယ်။ မေလမှာ Apple က ပရော်ဆက်ဆာ အသစ်များပါတဲ့ ၁၃ လက်မနဲ့ ၁၅ လက်မ MacBook Pro Model(Touch Bar) များကို ရောင်းချပေးခဲ့ပါတယ်။

၁၆ လက်မ MacBook Pro အသစ်ရဲ့ သတင်းအချက်အလက် အသေးစိတ်ကို မသိရသေးပါဘူး။ ဒီသတင်းသာ မှန်မယ် ဆိုရင် သူဟာ MacBook Series များထဲမှာ မျက်နှာပြင် အကြီးမားဆုံး ဖြစ်လာမှာပါ။

Ref : tnw

စက်တင်ဘာလမှာ ထွက်လာနိုင်တဲ့ ၁၆ လက်မ Apple MacBook Pro

%d bloggers like this: