၂၀၀၃ခုနှစ်မှာ Matt Mullenweg နဲ့Mike Little တို့ဟာ B2/cafelog ကိုဖန်တီးခဲ့ပြီး အဲ့ဒီကနေတစ်ဆင့် WordPress ကိုမွေးဖွားခဲ့ပါတယ်။ WordPrress ဟာ Web Server ပေါ်မှာ ရှိတဲ့ Free နဲ့ Open-Source Content Management စနစ်တစ်ခုဖြစ်ပါတယ်။
ကမ္ဘာ့ထိပ်သီးဝက်ဘ်ဆိုက် ၁၀သန်းလောက်ထဲက ၂၆.၄ရာခိုင်နှုန်းဟာ WordPress နဲ့ အလုပ်လုပ်နေတာဖြစ်တယ်လို့ ၂၀၁၆ ဧပြီလတုန်းကထွက်ရှိတဲ့ စစ်တမ်းတွေအရသိရပါတယ်။ အဲ့ဒီအပြင် WordPress ဟာ Web ပေါ်မှာ ပေါ်ပြူလာအဖြစ်ဆုံး ဘလော့ဂ်စနစ်တစ်ခုအဖြစ် တည်ရှိနေပြီး ဝက်ဘ်ဆိုက်ပေါင်း သန်း၆၀လောက်မှာ အသုံးပြုနေတာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီအပြင် WordPress ဟာ နောက်ပိုင်းမှာ Mobile ဗားရှင်း Apps တွေကို ထုတ်လုပ်ခဲ့ပြီး Android, iOS, Windows ဖုန်းတွေနဲ့ BlackBerry တို့လို ပလက်ဖောင်းတော်တော်များများမှာ ရရှိနိုင်တာဖြစ်ပါတယ်။ လက်ရှိကျွန်တော်တို့ ဝက်ဘ်ဆိုက်ကိုလည်း WordPress နဲ့ပဲ အလုပ်လုပ်ထားတာဖြစ်ပါတယ်။
Ref: Wikipedia, this day in tech history