iPhone 11 Series မွာ Pro Version ပါလာမည္

iPhone အသစ္ေတြကို စက္တင္ဘာလမွာ ေၾကညာေတာ့မွာပါ။ အခုေတာ့ iPhone 11 Series မွာ iPhone 11 Max နာမည္ကို မသံုးဘဲ iPhone 11 Pro နာမည္ကို သံုးထားမယ္လို႔ သတင္းထြက္လာပါတယ္။ အရြယ္ႀကီး iPhone မွာ Plus နာမည္ကိုလည္း သံုးခဲ့ဖူးပါတယ္။ ၂၀၁၄ ထုတ္ iPhone 6 Plus နဲ႔ ၂၀၁၈ ထုတ္ iPhone 8 Plus ေတြ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ကေတာ့ Plus နာမည္ကို မသံုးေတာ့ဘဲ iPhone XS Max နာကို သံုးခဲ့ပါတယ္။

အရင္ႏွစ္က iPhone XS နဲ႔ XS Max ေတြကို စက္တင္ဘာလ ၂၁ ရက္မွာ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ ထုတ္လုပ္မႈ ျပႆနာေတြ ရွိခဲ့တဲ့ iPhone XR ကို ေအာက္တိုဘာလမွာ မိတ္ဆက္ခဲ့ပါတယ္။ ဒီႏွစ္မွာ iPhone ၃ လံုးစလံုးကို တစ္ၿပိဳင္နက္ ေၾကညာမလား မသိေသးပါဘူး။

Citi Research က iPhone 11 မွာ Apple Pencil ကို တြဲဖက္ သံုးႏိုင္မယ္လို႔ မၾကာခင္က ေျပာခဲ့ပါတယ္။ Citi Research က iPhone 11 ေတြရဲ႕ ေစ်းဟာ အရင္ႏွစ္ ေမာ္ဒယ္ေတြနဲ႔ တူမယ္လို႔လည္း ေျပာပါတယ္။ အဲဒီအတြက္ iPhone XR ရဲ႕ မ်ိဳးဆက္ကို ၇၄၉ ေဒၚလာ သတ္မွတ္ထားႏိုင္ပါတယ္။ ေစ်းအႀကီးဆံုးက iPhone XS Max ရဲ႕ မ်ိဳးဆက္ ျဖစ္ၿပီး ၁၀၉၉ ေဒၚလာနဲ႔အထက္ ရွိႏိုင္ပါတယ္။ iPhone XS ရဲ႕ မ်ိဳးဆက္ကို ၉၉၉ ေဒၚလာ သတ္မွတ္ထားႏုိင္ပါတယ္။

Apple အေရး ကြ်မ္းက်င္တဲ့ Ming-Chi Kuo က ၂၀၁၉ ခုႏွစ္ထုတ္ iPhone မ်ားမွာ ပိုအဆင့္ျမင့္တဲ့ Face ID Camera ပါလာမယ္လို႔ ၿပီးခဲ့တဲ့လကေဟာကိန္းထုတ္ထားပါတယ္။ Kuo က ပတ္၀န္းက်င္မွ အလင္းေရာင္ က်ေရာက္တဲ့အခါမွာ လူ႔ရဲ႕ မ်က္ႏွာကို ေကာင္းစြာ အာရံုခံႏိုင္တဲ့ ဆန္ဆာ အသစ္ကို သံုးထားျခင္းျဖင့္ Face ID လုပ္ေဆာင္ခ်က္ကို ပိုေကာင္းေအာင္ ဖန္တီးထားမယ္လို႔ ေျပာပါတယ္။

Ref : gsmarena

[Unicode]

iPhone 11 Series မှာ Pro Version ပါလာမည်

iPhone အသစ်တွေကို စက်တင်ဘာလမှာ ကြေညာတော့မှာပါ။ အခုတော့ iPhone 11 Series မှာ iPhone 11 Max နာမည်ကို မသုံးဘဲ iPhone 11 Pro နာမည်ကို သုံးထားမယ်လို့ သတင်းထွက်လာပါတယ်။ အရွယ်ကြီး iPhone မှာ Plus နာမည်ကိုလည်း သုံးခဲ့ဖူးပါတယ်။ ၂၀၁၄ ထုတ် iPhone 6 Plus နဲ့ ၂၀၁၈ ထုတ် iPhone 8 Plus တွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ Plus နာမည်ကို မသုံးတော့ဘဲ iPhone XS Max နာကို သုံးခဲ့ပါတယ်။

အရင်နှစ်က iPhone XS နဲ့ XS Max တွေကို စက်တင်ဘာလ ၂၁ ရက်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ထုတ်လုပ်မှု ပြဿနာတွေ ရှိခဲ့တဲ့ iPhone XR ကို အောက်တိုဘာလမှာ မိတ်ဆက်ခဲ့ပါတယ်။ ဒီနှစ်မှာ iPhone ၃ လုံးစလုံးကို တစ်ပြိုင်နက် ကြေညာမလား မသိသေးပါဘူး။

Citi Research က iPhone 11 မှာ Apple Pencil ကို တွဲဖက် သုံးနိုင်မယ်လို့ မကြာခင်က ပြောခဲ့ပါတယ်။ Citi Research က iPhone 11 တွေရဲ့ ဈေးဟာ အရင်နှစ် မော်ဒယ်တွေနဲ့ တူမယ်လို့လည်း ပြောပါတယ်။ အဲဒီအတွက် iPhone XR ရဲ့ မျိုးဆက်ကို ၇၄၉ ဒေါ်လာ သတ်မှတ်ထားနိုင်ပါတယ်။ ဈေးအကြီးဆုံးက iPhone XS Max ရဲ့ မျိုးဆက် ဖြစ်ပြီး ၁၀၉၉ ဒေါ်လာနဲ့အထက် ရှိနိုင်ပါတယ်။ iPhone XS ရဲ့ မျိုးဆက်ကို ၉၉၉ ဒေါ်လာ သတ်မှတ်ထားနိုင်ပါတယ်။

Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က ၂၀၁၉ ခုနှစ်ထုတ် iPhone များမှာ ပိုအဆင့်မြင့်တဲ့ Face ID Camera ပါလာမယ်လို့ ပြီးခဲ့တဲ့လကဟောကိန်းထုတ်ထားပါတယ်။ Kuo က ပတ်ဝန်းကျင်မှ အလင်းရောင် ကျရောက်တဲ့အခါမှာ လူ့ရဲ့ မျက်နှာကို ကောင်းစွာ အာရုံခံနိုင်တဲ့ ဆန်ဆာ အသစ်ကို သုံးထားခြင်းဖြင့် Face ID လုပ်ဆောင်ချက်ကို ပိုကောင်းအောင် ဖန်တီးထားမယ်လို့ ပြောပါတယ်။

Ref : gsmarena

%d bloggers like this: