အိမ်အကူလိုပါ သုံးနိုင်မယ့် Sex Robots

တရုတ်မှ လိင်ဆက်ဆံဖော် စက်ရုပ်များကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုက အိမ်အလုပ်များကိုပါ လုပ်ပေးနိုင်တဲ့ ကမ္ဘာ့ ပထမဆုံး Sex Robot များကို ထုတ်လုပ်နေပါတယ်။ စက်ရုပ်များဟာ ပန်းကန်ဆေးခြင်း၊ စကားပြောခြင်း၊ သီချင်းများ ဖွင့်ပေးခြင်းလို အလုပ်များကို ပြုလုပ်နိုင်ပါတယ်။
တရုတ် နိုင်ငံ ဒါလီယမ်မှာ ရှိတဲ့ Exdoll ကုမ္ပဏီဟာ တစ်လလျှင် စက်ရုပ်ပေါင်း ၄၀၀ ခန့်ကို ထုတ်လုပ်နေပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ဒေါ်လာ ၄၀၀ လောက်သာ ရှိပါတယ်။သူ့ရဲ့ Xiaodie အမည်ရ စက်ရုပ်ကို ဒေါ်လာ ၄၀၀၀ ဖြင့် ရောင်းချပေးနေပြီး Siri လို ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ပါပါတယ်။ သူမက စကားပြောခြင်း၊ အင်တာနက် ကြည့်ခြင်း၊ ဝိုင်ဖိုင်ချိတ်ဆက်၍ စမတ်နေအိမ် ကိရိယာများကို ခိုင်းစေခြင်းများကို ပြုလုပ်ပေးနိုင်ပါတယ်။

လာမယ့်တစ်နှစ်အတွင်းမှာ ကုမ္ပဏီက ရှုပ်ထွေးတဲ့ လှုပ်ရှားမှုများနဲ့ မျက်နှာ အမူအယာများကို ပြုလုပ်ခြင်း၊ ပိုင်ရှင်ရဲ့ အသံကို သိခြင်း၊ ပိုင်ရှင်နောက်သို့ တကောက်ကောက်လိုက်ခြင်းလို စွမ်းရည်များပါတဲ့ စက်ရုပ်များကို တီထွင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အထီးကျန်နေတဲ့ သက်ကြီးရွယ်အိုများနဲ့ မသန်စွမ်းသူများကိုပါ အထောက်အကူပြုပေးနိုင်တဲ့ စက်ရုပ်များကိုတောင် ထုတ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ကျန်းမာရေးအတွက် အထောက်အကူပြုပေးခြင်း၊ ဧည့်သည်များအား ကြိုဆိုခြင်းများကိုပါ သူတို့က ပြုလုပ်ပေးနိုင်မှာပါ။

လူဦးရေ ၁.၄ ဘီလီယမ် ရှိတဲ့ တရုတ်မှာ အမျိုးသား ဦးရေဟာ အမျိုးသမီးများထက် ၃၃.၆ သန်းကျော် ပိုမိုများပြားနေပါတယ်။ တရုတ်မှာ သက်ကြီးရွယ်အို အရေအတွက်ဟာလည်း များစွာ တိုးပွားလာတဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ပိုမိုလိုအပ်လာခဲ့ပါတယ်။ တရုတ်ဟာ ကမ္ဘာ့ Sex Toy ဈေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားပါတယ်။

Ref : dailymail

အိမ်အကူလိုပါ သုံးနိုင်မယ့် Sex Robots

%d bloggers like this: