Amazon က တောင်ကယ်လီဖိုးနီးယားမှာ Scout Robots နဲ့ ကုန်ပစ္စည်းတွေ ပို့ဆောင်ပေး

Amazon က ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက ဝါရှင်တန် ပြည်နယ် Snohomish County ရှိ သူ့ရဲ့ ရုံးချုပ် အနားမှာ Scout Delivery Robots တွေကို စမ်းသပ်နေပါတယ်။ အခုတော့ တောင်ပိုင်း ကယ်လီဖိုးနီးယားရှိ Irvine မှာ တိုးချဲ့ စမ်းသပ်မယ်လို့ ကြေညာလိုက်ပါတယ်။ တနင်္လာကနေ သောကြာနေ့များအတွင်း နေ့ဘက်မှာသာ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ဝန်ထမ်းတစ်ယောက်က လိုက်ပါ စောင့်ကြည့်မှာ ဖြစ်ပါတယ်။ ဝါရှင်တန်မှာတုန်းကလည်း ဒီလိုပဲ လုပ်ဆောင်ခဲ့တာပါ။

Scout Robots ဟာ ခြောက်ဘီးတပ် စက်ရုပ် ဖြစ်ပြီး အီလက်ထရစ် စွမ်းအင်ကို အသုံးပြုထားပါတယ်။ ဒီဇိုင်းက လက်ရှိ Delivery Robot များနဲ့ ဆင်တူပါတယ်။ Scout ဟာ Starship Technologies ရဲ့ စက်ရုပ်များနဲ့လည်း တူပါတယ်။ Scout ဟာ လူသွားလမ်းမများပေါ်ကနေ သွားလာမှာ ဖြစ်ပါတယ်။

Scout Robots ဟာ လူများနဲ့ အခြား အတားအဆီးများကို ရှောင်ကွင်းသွားလာနိုင်ပါတယ်။ ဘေးကင်း လုံခြုံအောင် ဖန်တီးထားပါတယ်။ အခြား ကုမ္ပဏီများရဲ့ Delivery Robot များကိုလည်း ကမ္ဘာအဝန်းမှာ စမ်းသပ်နေကြပါတယ်။ အထူးသဖြင့် ဘေးကင်း စိတ်ချရတဲ့ ကောလိပ်ကျောင်းများနဲ့ ကုမ္ပဏီ ရုံးဝန်းများထဲမှာ စမ်းသပ်နေကြတာ ဖြစ်ပါတယ်။

အခြား နည်းပညာ နဲ့ အစားအစာ ကုမ္ပဏီများကလည်း Delivery Robot များကို ဖန်တီးနေကြပါတယ်။ ဒိုမီနိုက ပီဇာများကို Delivery Robot များနဲ့ ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုကို စမ်းသပ်နေပါတယ်။ PepsiCo ကလည်း ဖျော်ရည်နဲ့ အစားအစာများကို စက်ရုပ်များနဲ့ ပို့ဆောင်ပေးနေပါတယ်။

Ref : theverge

Amazon က တောင်ကယ်လီဖိုးနီးယားမှာ Scout Robots နဲ့ ကုန်ပစ္စည်းတွေ ပို့ဆောင်ပေး

%d bloggers like this: