PUBG Mobile Lite ကို အရှေ့တောင်အာရှအတွက် ဖြန့်ချီလိုက်ပြီ

PUBG Mobile Lite ကို အရင်နှစ် သြဂုတ်လက ဖြန့်ချီပေးခဲ့ပေမယ့် နိုင်ငံ အနည်းငယ်မှာသာ ကစားနိုင်ပါတယ်။ အခုတော့ အရှေ့တောင်အာရှ၊ တောင်အာရှ၊ မြောက် အာဖရိကနဲ့ တောင်အမေရိက နိုင်ငံတွေအတွက် Google Play Store မှာ ရယူ ကစားနိုင်ပါပြီ။ စွမ်းဆောင်ရည်နိမ့်တဲ့ ဖုန်းတွေမှာ Lite Vesion က လျှင်မြန်သွက်လက်စေမှာပါ။

ဂိမ်းရဲ့မူရင်းရည်ရွယ်ချက်ကိုမပျောက်အောင် ဖန်တီးထားတဲ့အတွက် ပုံမှန် PUBG ဂိမ်းကိုဆော့ရတဲ့အတိုင်းခံစားချက်မျိုး ဒီ PUBG Lite က ပေးပါလိမ့်မယ်။ High-Quality Graphics တွေ HD audio တွေကို လျှော့ချထားတာမျိုးမဟုတ်တဲ့အပြင် သူငယ်ချင်းတွေနဲ့လည်း Team ဖွဲ့ပြီး Squad ဆော့လို့လည်းရပါမယ်။ ပြောရရင် Lite ဗားရှင်းသာဆိုတာလုံးဝ ထပ်တူနီးပါးလောက်တူတူပဲလို့ပြောရမှာပါ။

ဒီ Lite ဗားရှင်းမှာတော့ အရင်ဗားရှင်းလို Player အယောက် ၁၀၀ မဟုတ်တော့ဘဲ အယောက် ၆၀ နဲ့ပဲကန့်သတ်ထားပါတယ်။ မြေပုံက 2km x 2km ဆိုတော့ နည်းနည်းပိုသေးသွားတဲ့အတွက် ပြေးတာတွေလျှော့ တိုက်ရမှာများလာမယ့်ပုံပါ။ အင်တာနက်လိုင်း နှေးတဲ့ ဒေသတွေမှာ သေနတ်ပစ်တာ ပိုတိကျအောင် ပိုကောင်းတဲ့ Aim Assist ကို ထည့်သွင်းထားပါတယ်။

PUBG Mobile Lite ကို တရုတ် နည်းပညာ ဘီလူးကြီး တန်းစန့်က ဖန်တီးထားတာ ဖြစ်ပြီး ဖိုင်အရွယ်အစားက 490MB သာရှိပါတယ်။ PUBG Mobile ကတော့ 1.6GB တောင် ရှိပါတယ်။ Lite Version ဟာ 2GB RAM သာရှိတဲ့ဖုန်းတွေမှာတောင် ကစားနိုင်အောင် ဖန်တီးထားတာပါ။ တန်းစန့်က မကြာခင်မှာ ဥရောနဲ့ မြောက်ပိုင်း၊ အလယ်ပိုင်း အမေရိကတွေမှာ ဖြန့်ချီမယ်လို့ ပြောပါတယ်။

Ref : theverge

PUBG Mobile Lite ကို အရှေ့တောင်အာရှအတွက် ဖြန့်ချီလိုက်ပြီ

%d bloggers like this: