Samsung က 108MP Camera ကို သြဂုတ်လ ၁၂ ရက်မှာ ကြေညာမည်

Samsung က 108MP Camera ကို သြဂုတ်လ ၁၂ ရက်မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ 108MP Camera ဟာ Pixel Binning ကို သုံးပြီး ပုံမှန်အားဖြင့် 27MP Resolution တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ 108MP Shots တွေကို ရိုက်ကူးပေးနိုင်မလားဆိုတာကို မသိရသေးပါဘူး။ တကယ်သာ ရိုက်နိုင်မယ်ဆိုရင် အရမ်းလန်းတဲ့ 12032×9024 Resolution ကို ရရှိမှာပါ။


48MP Camera ပါတဲ့ OnePlus 7 Pro , Redmi Note 7 နဲ့ Honor View 20 တွေ ထွက်နေပါပြီ။ Realme နဲ့ အခြား ဖုန်းထုတ်လုပ်သူတွေက 64MP Camera ပါတဲ့ ဖုန်းတွေကို ထုတ်လုပ်တော့မှာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Xiaomi က 108MP Camera ပါတဲ့ ဖုန်းကို မကြာခင် ရောင်းမယ်လို့ သတင်းထွက်လာပါတယ်။ Samsung က ထုတ်လုပ်တဲ့ 108MP ISOCELL Sensor ကို ပထမဆုံး သုံးထားတဲ့ ဖုန်းကို Xiaomi က ထုတ်လုပ်မှာပါ။ အဲဒီ ဖုန်းဟာ Mi Mix 4 ဖြစ်နိုင်ပါတယ်။

Mi Mix 4 မှာ Qualcomm မကြာခင်က ကြေညာထားတဲ့ စွမ်းဆောင်ရည်မြင့် Snapdragon 855 Plus Chipset ပါလာနိုင်ပါတယ်။ Mi Mix 4 မှာ လျှင်မြန်စွာ အားသွင်း စနစ် ဖြစ်တဲ့ 100W Super Fast Charging ထည့်သွင်းထားနိုင်ပါတယ်။ မျက်နှာပြင်ရဲ့ ဘယ်နေရာကနေ မဆို လက်ဗွေရာနဲ့ ဖုန်းကို Unlock လုပ်နိုင်တဲ့ Under-display Fingerprint Sensor ပါလာနိုင်ပါတယ်။ စကရင်အောက်မှာ အရှေ့ ကင်မရာကို မြှပ်နှံထားနိုင်ပါတယ်။

Ref : gsmarena

Samsung က 108MP Camera ကို သြဂုတ်လ ၁၂ ရက်မှာ ကြေညာမည်

%d bloggers like this: