Xiaomi Mi 9S (5G) ကို မှတ်ပုံတင်ထားပြီ

Xiaomi Mi 9 ရဲ့ 5G Version ကို တရုတ်ဆက်သွယ်ရေး ကော်မရှင်(TENAA) မှာ မှတ်ပုံတင်ထားပါတယ်။ သူ့ရဲ့ Specifications အပြည့်အစုံကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် အချို့ Specifications တွေကို ဖော်ပြထားပြီး ဓါတ်ပုံအချို့ကိုလည်း တွေ့ရပါတယ်။

သူဟာ မူလ Mi 9 ထက် အနည်းငယ် ပိုထူလာပြီး ၇.၆ မီလီမီတာကနေ ၈.၉၅ မီလီမီတာအထိ ရှိလာပါတယ်။ ဘက်ထရီကိုလည်း 3300mAh ကနေ 4000mAh အထိ တိုးမြှင့်ပေးလိုက်ပါတယ်။ ဘက်ထရီမှာ 45W Fast Charging ပါလာနိုင်ပြီး 27W ထက် ပိုကောင်းလာမှာ ဖြစ်ပါတယ်။

TENAA မှ သတင်းအချက်အလက်တွေအရ မျက်နှာပြင် အရွယ်အစားကတော့ ၆.၃၉ လက်မ ဖြစ်ပြီး မူလ Mi 9 နဲ့ တူညီပါတယ်။ ဒါပေမယ့် အချို့သတင်းတွေအရ မျက်နှာပြင် အရည်အသွေးဟာ 1440p+ ဖြစ်မယ်လို့ သိရပါတယ်။

Xiaomi က Mi 9S 5G မှာ Snapdragon 855+ Chipset နဲ့ အဆင့်မြှင့်ထားနိုင်ပြီး အနောက်ဘက်မှ ပင်မ ကင်မရာမှာ OIS နည်းပညာ ပါလာနိုင်ပါတယ်။ Mi Mix 3 5G မှာလို သူ့မှာ Dual SIM Card Slot (Dual Standby) ပါလာမှာ ဖြစ်ပါတယ်။ China Unicorn က အဲဒီ ဖုန်းကို Xiaomi Mi 9S လို့ နာမည်ပေးထားမှာ ဖြစ်ပြီး စက်တင်ဘာလမှာ ရောင်းချနိုင်ပါတယ်။

Ref : gsmarena

Xiaomi Mi 9S (5G) ကို မှတ်ပုံတင်ထားပြီ

%d bloggers like this: