iPhone Bug ရှာနိုင်ရင် ဒေါ်လာ ၁ သန်းပေးမယ့် Apple

iPhone ရဲ့ လုံခြုံရေးဟာကွက် (Bug) ကို ရှာနိုင်ရင် Apple က ဒေါ်လာ ၁သန်း ချီးမြှင့်မှာ ဖြစ်ပါတယ်။ Apple က Bug-bounty Program ကို ၂၀၁၆ ခုနှစ်က စတင် ပြုလုပ်ခဲ့တာ ဖြစ်ပြီး အခုတော့ ဆုကြေးငွေကို ဒေါ်လာ ၁ သန်းအထိ တိုးမြှင့်ပေးလိုက်တာပါ။ “Zero-Click Full Chain Kernel Execution Attack “ ကို ပြုလုပ်နိုင်တဲ့ လုံခြုံရေး ပညာရှင်တွေကို ဒေါ်လာ ၁ သန်း ချီးမြှင့်မှာပါ။

အဲဒါကဘာလဲဆိုတော့ Apple iOS Operating System ရဲ့ ပင်မ စနစ်ကို Hack လုပ်ပြီး iPhone ကို ထိန်းချုပ်နိုင်တာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်နိုင်တာကို Apple အား သက်သေပြနိုင်မှသာ ဒေါ်လာ ၁ သန်း ရရှိမှာ ဖြစ်ပါတယ်။ Apple က ဒေါ်လာ ၁ သန်းချီးမြှင့်မယ့် အစီအစဉ်ကို ဒီတစ်ပတ်ထဲမှာ Las Vegas မှာ ကျင်းပခဲ့တဲ့ Black Hat Cybersecurity Conference မှာ ကြေညာလိုက်တာပါ။ Black Hat ဟာ ကမ္ဘာ့ ထိပ်တန်း သတင်းအချက်အလက် လုံခြုံရေး ပွဲ ဖြစ်ပါတယ်။ ၄ ရက်ကြာ လေ့ကျင့်သင်ကြားပေးပြီး ၂ ရက်ကြာ ဆွေးနွေးပွဲတွေကို ကျင်းပကြပါတယ်။ သြဂုတ်လ ၈ ရက်နေ့မှာ ပွဲပြီးဆုံးသွားခဲ့ပါပြီ။

Apple က iOS အပြင် macOS, tvOS နဲ့ watchOS တွေအတွက်လည်း Bug-bounty Program ကို တိုးချဲ့ပေးလိုက်ပါတယ်။ ဟိုး အရင်ကတော့ Apple ဟာ Bug-bounty Program ကို ပြုလုပ်ပေးခဲ့ခြင်း မရှိပါဘူး။ အဲဒီအချိန်တုန်းကတော့ ဟက်ကာတွေက iOS ရဲ့ လုံခြုံရေး ဟာကွက်တွေကို ရှာဖွေပြီး တိုက်ခိုက်ခြင်း၊ ခိုးယူမှုတွေ ပြုလုပ်ခြင်းများ ရှိခဲ့ပါတယ်။ အခုတော့ Apple က ဆုငွေချီးမြှင့်တဲ့ အတွက် ဟက်ကာတွေဟာ တိုက်ခိုက်တာတွေ မလုပ်တော့ဘဲ Apple ရဲ့ ဆုငွေကိုသာ ရယူကြတဲ့ အတွက် Bug-bounty Program ဟာ နှစ်ဦးနှစ်ဖက် အဆင်ပြေစေပါတယ်။

Ref : digitaltrends

iPhone Bug ကို ရှာနိုင်ရင် ဒေါ်လာ ၁ သန်းပေးမယ့် Apple

%d bloggers like this: