Xiaomi ပိုင်တဲ့ Huami Company က တရုတ်မှာ Amazfit Health Watch ကို ရောင်းချပေးလိုက်ပါပြီ။ သူ့ကို တရုတ်မှာ ဇွန်လက ကြေညာခဲ့တာပါ။ အခုမှသာ ဈေးနှုန်းကို ပြောကြားလိုက်တာပါ။ ၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၁၅၀ ၀၀၀ လောက်ရှိပါတယ်။
သူ့မှာ Apple Watch 4 မှာလို ECG Sensor များ ထည့်သွင်းထားပါတယ်။ Amazfit Health Watch မှာ ၁.၂၈ လက်မ Color Screen ထည့်သွင်းထားပြီး 176x176p Resolution ဖြစ်ပါတယ်။ 200mAh Battery ထည့်သွင်းထားပြီး တစ်ခါအားအပြည့်သွင်းထားရင် ၇ ရက်တောင် အသုံးခံပါတယ်။
သူ့ရဲ့ အဓိက စွမ်းရည်တစ်ခုက ECG Sensor နဲ့ Optical Heart Rate Sensor ဖြစ်ပါတယ်။ နှလုံးခုန်နှုန်း မမှန်တာတွေ၊ နှလုံးရောဂါ လက္ခဏာများကို သူက သတိပေးနိုင်ပါတယ်။ သူဟာ အလွန် ပေါ့ပါးပြီး လက်ပတ်ကြိုးမပါရင် ၂၅ ဂရမ်သာ ရှိပါတယ်။ ရေအနက် ၃၀ မီတာအထိ ဝတ်ဆင်သွားနိုင်ပါတယ်။ အဲဒီအတွက် ရေချိုးရင် ချွတ်စရာတောင် မလိုပါဘူး။ ဖန်မျက်နှာပြင်ရဲ့ ဘေးပတ်လည်မှာ သတ္တုဘောင် ကွပ်ထားပါတယ်။
သူ့ရဲ့ Specs အပြည့်အစုံကို အောက်မှာ ကြည့်ပါ။
Amazfit Health Watch specifications
• 1.28-inch (176 x 176 pixels) color display with tempered glass protection
• Huangshan No. 1 processor
• BioTracker PPG heart rate sensor, 6- axis low-power IMU, ECG sensor
• Bluetooth 5.0 LE, NB-loT
• Water resistant (3 ATM or 30 meters)
• Dimensions: 42 x 35 x 12.5mm; Weight: 25 grams (without strap)
• 200mAh battery with up to 7 days of battery life
Ref : gsmarena, fonearena
Xiaomi က Huami Amazfit Health Watch ကို ၉၉ ဒေါ်လာနဲ့ ရောင်းပြီ