Huawei က Device မျိုးစုံမှာ သုံးနိုင်တဲ့ HarmonyOS ကို ကြေညာ

Huawei က တရုတ်မှာ Developer Conference ကို ကျင်းပနေပါတယ်။ အဲဒီပွဲမှာ HarmonyOS ကို ကြေညာလိုက်ပါတယ်။ HarmonyOS ဟာ Open-source Platform ဖြစ်ပြီး Hongmeng OS ရဲ့ ဖိုင်နယ် နာမည် ဖြစ်ပါတယ်။ HarmonyOS ကို စမတ်ဖုန်း၊ စမတ် စပီကာ၊ ကွန်ပြူတာ၊ စမတ်နာရီ၊ ကြိုးမဲ့ နားကြပ်၊ ကား၊ တက်ဘလက် အားလုံးမှာ အသုံးပြုနိုင်ပါတယ်။

Huawei CEO Richard Yu က HarmonyOS မှာ Apps မျိုးစုံကို အသုံးပြုနိုင်တယ်လို့ ပြောပါတယ်။ Android Apps , HTML5 နဲ့ Linux Apps တွေအားလုံးကို အသုံးပြုနိုင်ပါတယ်။ HarmonyOS မှာ အသုံးပြုထားတဲ့ ARK Compiler ဟာ Kotlin , Java, Javascript , C , C++ အားလုံးမှာ Run နိုင်မယ်လို့ Yu က ပြောပါတယ်။

“ HarmonyOS 1.0 ကို စမတ် မျက်နှာပြင် ထုတ်ကုန်မှာ ပထမဆုံး ထည့်သွင်းထားမှာ ဖြစ်ပြီး ဒီနှစ်နှောင်းပိုင်းမှာ ရောင်းချမှာပါ။ လာမယ့် ၃ နှစ်မှာ HarmonyOS ဟာ အရမ်းကို အဆင့်မြင့်လာပြီး ချပ်ဝတ်တန်ဆာ ကွန်ပြူတာ အပါအဝင် စမတ် ကိရိယာမျိုးစုံမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကားတွေမှာတောင် ထည့်သွင်း အသုံးပြုနိုင်မှာပါ။ “ လို့ Yu က ပြောပါတယ်။

Yu က Huawei Smartphone တွေမှာ Android အစား HarmonyOS ကို အချိန်မရွေး လဲလှယ်နိုင်တယ်လို့ ပြောပါတယ်။ အနာဂတ်မှာ Android ကို သုံးခွင့် မပေးတော့ရင် HarmonyOS ကို ချက်ချင်း ပြောင်းနိုင်ပါတယ်။ HarmonyOS ပါတဲ့ ပထမဆုံး ထုတ်ကုန် ဖြစ်တဲ့ Honor Vision TV ကို မနက်ဖြန်မှာ တရုတ်တွင် ကြေညာမှာပါ။

Ref : androidauthority

Huawei က Device မျိုးစုံမှာ သုံးနိုင်တဲ့ HarmonyOS ကို ကြေညာ

%d bloggers like this: