Realme က အောက်တိုဘာလကုန်မှာ ကင်မရာ ၄ လုံးပါတဲ့ ဖုန်း ၃ လုံး ရောင်းမည်

Realme က 64MP Camera ပါတဲ့ ပထမဆုံး ဖုန်းကို အိန္ဒိယမှာ ရောင်းမယ်လို့ အတည်ပြုထားပါတယ်။ အဲဒီ ဖုန်းမှာ အနောက်ကင်မရာ ၄ လုံး ပါပါတယ်။ အခုတော့ Realme ရဲ့ စီအီးအို Madhav Sheth က အနောက်ကင်မရာ ၄ လုံးပါတဲ့ ဖုန်း ၃ လုံးကို ဖန်တီးနေတယ်လို့ ပြောပါတယ်။

စွမ်းရည်မြင့် Realme 5 မှာ 64MP Camera ပါလာမှာ ဖြစ်ပြီး Samsung ISOCELL GW1 Sensor ဖြစ်ပါတယ်။ Sheth က အဲဒီ ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံကိုလည်း မျှဝေထားပြီး 16MP Resolution ရှိပါတယ်။ မူလ ဓါတ်ပုံက 12MP သာ ရှိပြီး Pixel Binning လုပ်ပြီးချိန်မှာ 16MP ဖြစ်လာပါတယ်။

အနောက်ကင်မရာ ၄ လုံး ပါတဲ့ ဖုန်း ၃ လုံးကို Realme က စီးရီး ၃ ခု အနေနဲ့ ဖြန့်ချီမှာ ဖြစ်ပါတယ်။ ပင်မ Realme Series , Pro နဲ့ X Model တွေ ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၇ ရက်မှာ ရောင်းချနိုင်ပါတယ်။ အနောက်ကင်မရာ ၄ လုံးထဲမှာ 2x Telephoto Lens ၁ လုံး၊ 119° Ultra-Wide Angle Lens ၁ လုံးနဲ့ Macro Lens ၁ လုံး ပါလာမှာ ဖြစ်ပါတယ်။ Macro Lens ဟာ ၄ စင်တီမီတာ အကွာအဝေးကနေ အရည်အသွေးမြင့်တဲ့ ဓါတ်ပုံတွေ ဖမ်းယူပေးနိုင်ပါတယ်။

Ref : gsmarena

Realme က အောက်တိုဘာလကုန်မှာ ကင်မရာ ၄ လုံးပါတဲ့ ဖုန်း ၃ လုံး ရောင်းမည်

%d bloggers like this: