Vivo iQOO Pro 5G ကို သြဂုတ်လ ၂၂ ရက်မှာ ကြေညာမည်

Qualcomm က Snapdragon 855+ ကို မိတ်ဆက်ပြီးနောက်မှာ အဲဒီ Chipset ပါတဲ့ Asus ROG Phone II , ZTE nubia Red Magic 3 , Black Shark 2 Pro တို့လို Gaming Smartphone တွေ ထွက်ပေါ်လာပါတယ်။ Vivo iQOO Pro 5G မှာလည်း Snapdragon 855+ ထည့်သွင်းထားမှာ ဖြစ်ပြီး သူ့ကို သြဂုတ်လ ၂၂ ရက်မှာ ကြေညာတော့မယ်လို့ ကုမ္ပဏီက ကြေညာလိုက်ပါတယ်။

Vivo iQOO Pro 5G ဟာ စွမ်းရည်မြင့် Gaming Smartphone ၁ လုံး ဖြစ်ပါတယ်။ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းတွေအရ သူ့ရဲ့ အနောက်ဘက်မှာ ကင်မရာ ၃ လုံး ပါလာမှာ ဖြစ်ပြီး 8GB RAM , 128GB Storage နဲ့ 44W Fast Charging ပါတဲ့ 4500mAh Battery တွေ ပါလာမှာ ဖြစ်ပါတယ်။

သူ့ နာမည်မှာ 5G ပါတဲ့ အတွက် 5G ဆက်သွယ်မှု ပါလာမှာ သေချာပါတယ်။ Snapdragon X50 5G Modem ပါလာမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းဟာ ယွမ် ၄၄၉၈ (၆၅၀ ဒေါ်လာ) လောက် ရှိနိုင်ပါတယ်။ ဒါဟာ တန်ဖိုးအနည်းဆုံး မော်ဒယ်ရဲ့ ဈေး ဖြစ်ပါတယ်။

Ref : gsmarena

Vivo iQOO Pro 5G ကို သြဂုတ်လ ၂၂ ရက်မှာ ကြေညာမည်

%d bloggers like this: