Batman ဗားရှင်း Samsung Galaxy S7 Edge ကိုထုတ်လုပ်

Samsung Galaxy S7 Edge ဖုန်းက Batman ဗားရှင်းနဲ့ဆိုဘယ်လောက်မိုက်မလဲဆိုတာ တွေးကြည့်ဖူးပါသလား။ အခုတော့ Samsung ဟာ Warner Bros နဲ့ ပူးပေါင်းပြီးတော့ Samsung Galaxy S7 Edge, Batman ဗားရှင်းကို တကယ်ထုတ်လုပ်လိုက်ပါပြီ။ ဒီဖုန်းကို Galaxy S7 Edge Injustice Edition လို့နာမည်ပေးထားတာဖြစ်ပါတယ်။

ဒီကန့်သတ်ထုတ်လုပ်မယ့် ဖုန်းဟာ ကိုယ်ထည်တစ်ခုလုံးကို နက်မှောင်နေတဲ့ အနက်ရောင်နဲ့ ပြုလုပ်ထားမှာဖြစ်ပြီး ကင်မရာအပေါက်နဲ့ ဖလက်ရှ်မီး၊ Fingerprint ဆင်ဆာနဲ့ စပီကာနေရာတွေမှာတော့ ရွှေရောင်အနားသတ်လေးတွေနဲ့ ကွတ်ထားတာဖြစ်ပါတယ်။ ကျောဘက်က Samsung တံဆိပ်နေရာမှာတော့ Batman ရဲ့ Logo ကို ရွှေရောင်နဲ့ ခတ်နှိပ်ထားမှာဖြစ်လို့ ထင်ထင်ရှားရှားတွေ့မြင်ရမှာဖြစ်ပါတယ်။

samsung-galaxy-batman-version2

အဲ့ဒီအပြင် Galaxy S7 Batman ဗားရှင်းမှာ Batman ရဲ့ လက်နက် Battaring လို့ခေါ်တဲ့ ရွှေရောင်လင်းနို့လူသားစြက်ာ၊ Batman Style Galaxy S7 ဖုန်းကာဗာနဲ့ Gear VR တို့လည်း ပါဝင်မှာဖြစ်ပါတယ်။ ဒီ Special Version ဖုန်းကို လာမယ့် ဇွန်လမှာစတင်ရရှိနိုင်မှာဖြစ်ပြီး တရုတ်၊ စင်္ကာပူ၊ ကိုရီးယား၊ လက်တင်အမေရိက၊ ရုရှားနဲ့ တခြားနေရာတွေမှာ မကြာခင်ကြေညာပေးသွားမယ်လို့ သိရပါတယ်။

Ref: Android Police

%d bloggers like this: