FHD Display , 4G LTE ပါတဲ့ Samsung Galaxy Book S ကို ကြေညာလိုက်ပြီ

Samsung က အရမ်းကို ပါးလွှာပေါ့ပါးတဲ့ ဒီဇိုင်း ခပ်မိုက်မိုက် လက်ပ်တော့ အသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။ သူကတော့ Samsung Galaxy Book S ပါ။ ဈေးကလည်း မသေးပါဘူး။ တန်ဖိုး အနည်းဆုံး မော်ဒယ်ကို ၉၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၁၅ သိန်းလောက်ရှိပါတယ်။ ဆောင်းရာသီမှာ ရောင်းမှာပါ။ Mercury Gray နဲ့ Earthy Gold ဆိုပြီး အရောင် ၂ မျိုးထုတ်ထားပါတယ်။

သူ့မှာ WiFi အပြင် 4G LTE လည်း ပါပါတယ်။ အလူမီနီယမ် ကိုယ်ထည်က အရည်အသွေး မြင့်မားပါတယ်။ အထူက ၆.၂ မီလီမီတာနဲ့ အလေးချိန်က ၉၆၀ ဂရမ်သာ ရှိပါတယ်။ လက်ဗွေရာ ကိရိယာနဲ့ Sign In ဝင်နိုင်ပါတယ်။ 1TB microSD Card အထိ ထောက်ပံ့ပါတယ်။ အသံအရည်အသွေးက အရမ်းကို မိုက်ပါတယ်။ Samsung က ၁ ခါ အားအပြည့်သွင်းထားရင် ၂၃ နာရီကြာ ဗီဒီယိုတွေ ကြည့်နိုင်တယ်လို့ ပြောပါတယ်။ Snapdragon 855 Chipset မောင်းနှင်ထားပါတယ်။

Samsung Galaxy Book S specifications

• 13.3-inch (1920 x 1080 pixels) FHD TFT (16:9) 10-point multi-touch display
• Octa-core Qualcomm Snapdragon 8cx 7nm (Max. 2.84 GHz + 1.8GHz) Compute Platform
• 8GB (LPDDR4X) RAM, 256GB/512GB storage, expandable memory up to 1TB
• Windows 10 Home/Pro
• 720p HD camera
• Windows Hello sign in with fingerprint
• Fingerprint Sensor, Hall Sensor, Light Sensor (Keyboard Backlit on/off)
• Stereo speakers tuned by AKG, Immersive sound with Dolby Atmos technology
• Dimensions: 305.2 x 203.2 x 6.2-11.8 mm; Weight: 0.96 kg
• 4G LTE Cat.18 via nano SIM slot, Wi-Fi 802.11 ac (2.4/5GHz), VHT80 MU-MIMO, Bluetooth v 5.0, USB Type-C, Location (GPS, Galileo, Glonass, BeiDou)
• 42Wh battery with up to 23 hours video playback

Ref : fonearena

FHD Display , 4G LTE ပါတဲ့ Samsung Galaxy Book S ကို ကြေညာလိုက်ပြီ

%d bloggers like this: