ကားပျံကို အောင်မြင်စွာ ပျံသန်းပြလိုက်တဲ့ ဂျပန်

ဂျပန် အီလက်ထရောနစ် ကုမ္ပဏီ NEC Corporation က ကားပျံ နမူနာ မော်ဒယ်ကို ပြသလိုက်ပါတယ်။ ဒီတစ်ပတ်ထဲမှာ ဂျပန်မှာ ပထမဆုံး အကြိမ် အောင်မြင်စွာ စမ်းသပ်ပျံသန်းပြလိုက်ပါတယ်။ ၁ မိနစ်ကြာ လေထဲမှာ ပျံသန်းပြခဲ့တာဖြစ်ပါတယ်။ အဝေးတစ်နေရာကို ပျံသန်းပြတာတော့ မဟုတ်ဘဲ လေပေါ်မှာ Hover လုပ်ပြခဲ့တာ ဖြစ်ပါတယ်။

ကားပျံဟာ ဒရုန်းနဲ့ တူပြီး ပန်ကာ လေးလုံး တပ်ဆင်ထားပါတယ်။ လျှပ်စစ် စွမ်းအင်နဲ့ မောင်းနှင်တာ ဖြစ်ပါတယ်။ ကားပျံဟာ အမြင့် ၁၀ ပေ မှာ ပျံသန်းပြခဲ့တာ ဖြစ်ပြီး စမ်းသပ်မှုကို တနင်္လာနေ့က တိုကျို အရှေ့ပိုင်း ချီဘာမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ကားပျံကို ခရီးသည် သယ်ယူပို့ဆောင်ဖို့နဲ့ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ပေးဖို့ ဒီဇိုင်းထုတ်ထားတယ်လို့ NEC က ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။

ဂျပန် အစိုးရက ၂၀၂၃ ခုနှစ်မှာ ကားပျံတွေကို စတင် ဝန်ဆောင်မှုပေးဖို့ ရည်မှန်းထားပါတယ်။ NEC က ၂၀၂၆ ခုနှစ်မှာ ကားပျံတွေကို အမြောက်အများ ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ ဂျပန်ဟာ လူဦးရေ အရမ်းကို ထူထဲတဲ့အတွက် ကားလမ်းပိတ်ဆို့မှုကို လျှော့ချဖို့ အတွက် ကားပျံတွေဟာ အရမ်းကို အသုံးဝင်မှာ ဖြစ်ပါတယ်။

ဂျပန် အပြင် ကမ္ဘာအဝန်းမှ နည်းပညာ ကုမ္ပဏီတွေက ကားပျံတွေကို ဖန်တီးနေကြပါတယ်။ Uber ကလည်း ခရီးသည်တွေကို သယ်ယူပို့ဆောင်ပေးဖို့ အတွက် မောင်းသူမဲ့ ကားပျံ တက္ကစီတွေကို တည်ဆောက်နေပါတယ်။

Ref : reuters

ကားပျံကို အောင်မြင်စွာ ပျံသန်းပြလိုက်တဲ့ ဂျပန်

%d bloggers like this: