Xiaomi ရဲ့ နောက်ထုတ်မယ့် 5G Smartphone တစ်လုံးရဲ့ သတင်းတွေ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အဲဒီ ဖုန်းကို တရုတ်မှာ မှတ်ပုံတင်ထားပါတယ်။ သူ့ရဲ့ မော်ဒယ် နံပါတ်ဟာ M1908F1XE ဖြစ်ပြီး Mi Mix Model အသစ် ဖြစ်မယ်လို့ ထင်ခဲ့ကြပါတယ်။ အခုတော့ သူဟာ Xiaomi Mi 9 ရဲ့ 5G Model ဖြစ်မယ်လို့ သတင်းထွက်လာပါတယ်။
Xiaomi Tipster Xiaomishka က သေချာတဲ့ သတင်းအရင်းအမြစ်ကနေ ဒီသတင်းအချက်အလက်တွေကို သိခဲ့ရတာလို့ ပြောပါတယ်။ Xiaomi Mi 9 5G မှာ 5G ဆက်သွယ်မှု အပြင် အခြား Specs တွေက မူလ Xiaomi Mi 9 ထက် ပိုကောင်းလာမယ်လို့ သိရပါတယ်။
#Xiaomi #5G #XiaomiMi95G
My chinese colleague said that new Xiaomi Mi 9 5G (model M1908F1XE) should have some new features:
1) screen becomes bigger 2k
2) main shot for new plus OIS
3) battery increase— Xiaomishka (@xiaomishka) August 7, 2019
Mi 9 5G မှာ အရွယ်အစား ပိုကြီးလာတဲ့ 2K Screen ပါလာမှာ ဖြစ်ပါတယ်။ ဒါဟာ QHD Screen ဖြစ်နိုင်ပါတယ်။ ကင်မရာ အပိုင်းကလည်း တိုးတက်လာမှာ ဖြစ်ပြီး ပင်မ ကင်မရာမှာ OIS နည်းပညာ ပါလာနိုင်ပါတယ်။ ဘက်ထရီကလည်း ပိုကြီးလာပြီး 45W Fast Charging ထည့်သွင်းထားနိုင်ပါတယ်။ Qualcomm ရဲ့ နောက်ဆုံးထုတ် Snapdragon 855+ Chipset ပါလာနိုင်ပါတယ်။
Ref : gsmarena
QHD Screen ပါတဲ့ Xiaomi Mi 9 5G လာမည်