Astro White အရောင် ထွက်လာတဲ့ Redmi Note 7S နဲ့ Note 7 Pro

အိန္ဒိယမှာတော့ Redmi Note 7S နဲ့ Note 7 Pro အတွက် အရောင် အသစ်တစ်မျိုးကို ရွေးချယ်နိုင်ပါပြီ။ Astro White လို့ နာမည်ပေးထားပြီး အဖြူရောင် ဖြစ်ပါတယ်။ ကုမ္ပဏီက သူ့ရဲ့ ဈေးနှုန်းကိုတော့ မကြေညာသေးပေမယ့် အရင် မော်ဒယ်တွေနဲ့ တူမယ်လို့ ထင်ပါတယ်။ အိန္ဒိယမှာ Redmi Note 7 Pro ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ရူပီး ၁၃,၉၉၉ (ဒေါ်လာ ၂၀၀) နဲ့ Redmi Note 7S ကို ရူပီး ၁၀,၉၉၉ (ဒေါ်လာ ၁၅၅) သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃၀၀,၀၀၀ နဲ့ ၂၃၀,၀၀၀ လောက် ရှိပါတယ်။

Redmi Note 7 Pro အတွက် Neptune Blue, Nebula Red နဲ့ Classic Black ဆိုပြီး ကာလာသုံးမျိုး ရောင်းချသွားပေးထားပါတယ်။ Neptune Blue နဲ့ Nebula Red တို့က Gradient finish နဲ့ ဖြစ်ပြီး Classic Black က ဟိုးအရင်ဖုန်းတွေအတိုင်း အရောင်မတောက်တဲ့ Matte finish နဲ့ ဖြစ်ပါတယ်။ အခုတော့ အဖြူရောင်ကိုပါ ရွေးချယ်နိုင်ပါပြီ။

Specs ပိုင်းအနေနဲ့ Redmi Note 7 Pro မှာ 6.3-inch FullHD+ Display ကို အသုံးပြုထားပါတယ်။ Display က 19.5:9 Aspect Ratio ရှိပြီး၊ brightness 450 nits ရှိပါတယ်။ Display ဘေးနားက ဘောင်တွေက ၁.၉၅ မီလီမီတာပဲ ရှိတာကြောင့် စခရင်အပြည့် ဖြစ်နေမှာပါ။ Display အပေါ်ဘက်မှာတော့ ရေစက်ပုံစံ Notch ပါဝင်ပါတယ်။ မျက်နှာပြင် ရှေ့ကို အနည်းငယ် မသိမသာလောက် ကွေးနေတဲ့ 2.5 Curved Glass လုပ်ထားပြီး၊ ဖုန်းရှေ့ကော နောက်ကော Gorilla Glass 5 တွေ အုပ်ပေးထားပါတယ်။ အတွင်းမှာတော့ Qualcomm ရဲ့ နောက်ဆုံးပေါ် octa-core CPU နဲ့ Adreno 612 GPU ပါဝင်တဲ့ Snapdragon 675 Chipset ကို အသုံးပြုထားပါတယ်။

Ref : gsmarena

Astro White အရောင် ထွက်လာတဲ့ Redmi Note 7S နဲ့ Note 7 Pro

%d bloggers like this: