64MP Quad-cam Phone ကို Realme 5 လို့ နာမည်ပေးမယ်လို့ CEO အတည်ပြု

Realme က သြဂုတ်လ ၈ ရက်နေ့မှာ အိန္ဒိယတွင် 64MP Quad Camera Smartphone ကို ကြေညာမှာ ဖြစ်ပါတယ်။ အဲဒီ ဖုန်းကို Realme 4 လို့ နာမည်ပေးထားမယ်လို့ ထင်နေကြပါတယ်။ အခုတော့ နံပါတ် 4 ဟာ တရုတ်မှာ ကံမကောင်းဘူးလို့ ယူဆတဲ့ အတွက် ကုမ္ပဏီက အဲဒီ ဖုန်းကို Realme 5 လို့ နာမည်ပေးမယ်လို့ ပြောပါတယ်။

Realme India CEO Madhav Sheth က ဒီသတင်းကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ သူက တွစ်တာမှ သူ့ရဲ့ အကောင့်အမည်ကို Madhav ‘5’ Quad လို့ ပြောင်းပြီး ဒီလို သတင်းပေးလိုက်တာပါ။ Realme က ဆမ်ဆောင်းရဲ့ 64MP GW1 Sensor ပါတဲ့ စမတ်ဖုန်းကို ဖန်တီးနေတဲ့ သတင်းတွေ အရင်က ထွက်ခဲ့ဖူးပါတယ်။ အဲဒီ ဆန်ဆာဟာ ဖုန်းမှာပါတဲ့ အကြီးမားဆုံး ဆန်ဆာ ဖြစ်လာမှာ ဖြစ်ပြီး 1/1.72” ရှိပါတယ်။ Pixel Size က 1.6µm ဖြစ်ပါတယ်။ ဆမ်ဆောင်းက Quad Bayer Type Sensor လို့ ခေါ်ပြီး 16MP Image တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။

Samsung က ပြီးခဲ့တဲ့ လပိုင်းက 64MP ISOCELL Bright GW1 Sensor ကို ကြေညာခဲ့ပါတယ်။ အဲဒီ ကင်မရာ တပ်ဆင်ထားတဲ့ စမတ်ဖုန်းတစ်လုံးကို Redmi ကလည်း ဖန်တီးနေပြီး ဒီနှစ်ရဲ့ ဒုတိယ နှစ်ဝက်မှာ ကြေညာမယ်လို့ မကြာခင်က သတင်းထွက်လာပါတယ်။ Bright GW1 ဟာ Pixel ၄ ခုကို ၁ ခုအဖြစ် ပေါင်းစပ်ခြင်းဖြင့် 16MP Image တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ လက်ရှိ 48MP Camera တွေက 12MP Image တွေကို ဖန်တီးပေးသလို ဖြစ်ပါတယ်။ ဆမ်ဆောင်းရဲ့ ဆန်ဆာ အသစ်ဟာ အလင်းရောင်ကောင်းတဲ့ အခြေအနေတွေမှာ 64MP Image တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။

Ref : gsmarena

64MP Quad-cam Phone ကို Realme 5 လို့ နာမည်ပေးမယ်လို့ CEO အတည်ပြု

%d bloggers like this: