ပါးလွှာကျစ်လစ်တဲ့ ultrabook ကိုယ်ထည်တစ်ခုထဲမှာ Gaming Desktop တစ်လုံးရဲ့ စွမ်းဆောင်ရည်ကို ထည့်သွင်းပေးထားတဲ့ ROG Zephyrus S GX701

ပါးလွှာကျစ်လစ်တဲ့ ultrabook ကိုယ်ထည်တစ်ခုထဲမှာ Gaming Desktop တစ်လုံးရဲ့ စွမ်းဆောင်ရည်ကို ထည့်သွင်းပေးထားတဲ့ ROG Zephyrus S GX701

Gaming Laptop တလုံးလို့ ဆိုလိုက်တာနဲ့ ကိုယ်ထည် ထူထဲ လေးလံတဲ့ Laptop ကြီးတွေကို ပြေးမြင်မိကြမှာပါ။ Laptop ဆိုတာ Portable ဖြစ်ဖို့ အဓိက ကျတယ်ဆိုပေမယ့် ဘယ်သူမှ Gaming Laptop ကြီးတွေကို ဟိုဒီမသယ်သွားချင်ကြပါဘူး။ ထိခိုက်မိမှာ စိုးတာထက် ဒါကြီးကို သယ်နေရတာက ဝန်ထုပ်ဝန်ပိုး တခုလို ဖြစ်နေတတ်တာကြောင့်ပါ။ ဒါပေမယ့် အခု ASUS မှာ Ultrabook တလုံးလို ပေါ့ပါးပါးလျပြီး Desktop တလုံးနီးပါး စွမ်းဆောင်ရည်မြင့်တဲ့ Gaming Laptop တလုံး ရှိနေပါပြီ။ ROG Zephyrus S Series ရဲ့ ‘Zephyrus S GX701’ Laptop ဖြစ်ပါတယ်။

အရင်ဆုံး Specs ကို ကြည့်လိုက်တာနဲ့ ဘယ်လောက်စွမ်းဆောင်ရည်ရှိလဲဆိုတာ အကြမ်းဖျဉ်း ခန့်မှန်းနိုင်ပါ့လိမ့်မယ်။ Zephyrus S GX701 မှာ Intel ရဲ့ 2.6GHz 9th Generation i7-9750H Processsors ၊ GeForce RTX 2070 ၊ 32GB DDR4 RAM နဲ့ 1TB HyperDrive SSD တို့ ပါဝင်ပါတယ်။ ဒါကိုမှ 144 Hz Refresh Rate ရှိတဲ့ 17.3-inch Full HD IPS Display နဲ့ ဆိုတော့ Gaming Experience ကို အကောင်းဆုံး ခံစားနိုင်မှာပါ။

ASUS ROG Zephyrus S GX701 ကို ဘူးထဲက ထုတ်လိုက်တာနဲ့ ဘယ်လောက်ပါးလဲ ဆိုတာ သတိထားမိပါလိမ့်မယ်။ အထူက ၁၈.၇ မီလီမီတာပဲ ရှိတာကြောင့် လုံးဝ Ultrabook တလုံးလိုပါပဲ။ ကိုယ်ထည် Chassi ကို မဂ္ဂနီစီယမ်နဲ့ လုပ်ထားတာကြောင့် ကိုင်ရတာ လုံးဝ မာကျောတောင့်တင်းမှု ရှိပါတယ်။ ပလတ်စတစ်ကိုယ်ထည်ပဲ သုံးထားတဲ့ Gaming Laptop တွေနဲ့ လုံးဝအကွာကြီးပါ။ အလေးချိန်ကလည်း ၂.၆ ကီလိုဂရမ် (၅ ပေါင်ခွဲ) လောက်ပဲ ရှိတာကြောင့် အရမ်းလည်း မလေးပါဘူဂ။

Laptop ကို ဖွင့်လိုက်ရင် ကီးဘုတ်ရှိတဲ့ အောက်ဘက်ကိုယ်ထည်က အလိုလို ကြွတက်လာတာကိုလည်း သတိထားမိပါလိမ့်မယ်။ Laptop အနောက်က အပူစွန့်ထုတ်မှုကို ပိုကောင်းစေဖို့အတွက် အမိုက်စားဒီဇိုင်း လုပ်ပေးထားတာပါ။

17.3-inch Display ကြီးကြီး သုံးပေးထားတယ်ဆိုပေမယ့် Bezels တွေ တော်တော်ပါးတာကြောင့် သာမန် 15-inch Laptop တလုံး ကိုယ်ထည်အချိုးအစားလောက်ပဲ ရှိပါတယ်။

17-inch Gaming Laptop တွေထဲမှာ ကိုယ်ထည်အသေးဆုံး Gaming Laptop တလုံး ဖြစ်ပါတယ်။ Display က sRGB Color Gamut ကို 100% အပြည့် ဖော်ပြနိုင်သလို HDR လည်း ရပါတယ်။ ဒါကိုမှ Refresh Rate 144Hz အထိ ရပြီး၊ Response Rate ကလည်း 3ms ပဲ ရှိတာကြောင့် Battlefield V , Fortnite စတဲ့ Fast-paced Games တွေကအစ လုံးဝ Smooth ဖြစ်နေမှာပါ။

ကီးဘုတ်က ကီးတခုချင်းစီ RGB Lighting ရရှိပြီး၊ Aura Sync နဲ့ ROG Products တွေကို Lighting တပြေးတည်း ချိန်ထားနိုင်ပါတယ်။ ကီးတွေက စာရိုက်ရာမှာကော ဂိမ်းဆော့ရာမှာကော တော်တော်လေးနှိပ်လို့ အဆင်ပြေပါတယ်။ Key Travel 1.4mm ပဲရှိတာကြောင့် သက်တောင့်သက်သာနဲ့ Response မြန်မြန် နှိပ်နိုင်မှာပါ။ စာရိုက်ရတာလည်း ပိုမြန်သွားတာ သတိထားမိပါတယ်။ Gaming Laptop တော်တော်များများက Touchpad မကောင်းကြပေမယ့် Zephyrus S GX701 မှာတော့ Touch Pad အရည်အသွေး တော်တော်ကောင်းတာ တွေ့ရပါတယ်။

အားနည်းချက်ဆိုလို့ Webcam နဲ့ Biometric Authentication တွေ မပါတာပဲ ပြောစရာရှိပါတယ်။ လုံးဝ High-end Laptop ဖြစ်ပေမယ့် Windows Hello စနစ်တွေ ဘာတွေ မသုံးနိုင်တာကတော့ နည်းနည်း ဘဝင်မကျစရာပါ။ ဒါပေမယ့် Gamer တွေအနေနဲ့ ဒါတွေလည်း သိပ်သုံးဖြစ်မှာ မဟုတ်တာကြောင့် ပြဿနာတော့ မဟုတ်ပါဘူး။

Performance က အရင်နှစ်က 15-inch Zephyrus ထက် ၁၉ ရာခိုင်နှုန်း ပိုကောင်းလာပါတယ်။ RTX 2070 ( Max Q မဟုတ်) က လက်ရှိ AAA ဂိမ်းအကုန်လုံးကို High Settings မှာ 144fps မကျအောင် ပေးစွမ်းနိုင်ပါတယ်။ Nvidia Ray Tracing လည်း ရတာကြောင့် Support လုပ်တဲ့ ဂိမ်းတွေမှာ ရင်သပ်ရှုမောစရာ Lighting Effects တွေကို ပေးစွမ်းနိုင်မှာပါ။ Ray Tracing ဖွင့်ကစားမယ်ဆိုရင်တောင် AAA Titles တွေကို Averge 60-70fps လောက် ရပါသေးတယ်။

ဒီ Laptop မှာ နောက်ထပ်မိုက်တဲ့ Feature တခုကတော့ ‘Optimus Mode’ ပါ။ ပါဝါသုံးတာများတဲ့ RTX GPU ကတ်အစား Intel UHD Graphics ကို ချက်ချင်း ပြောင်းသုံးနိုင်မယ့် Feature ဖြစ်ပါတယ်။ ဂိမ်းမဆော့ဘဲ ဘက်ထရီကြာကြာ အလုပ်လုပ်ချင်ရင် ဒီ Mode က တော်တော်လေး အဆင်ပြေပါတယ်။

6 Cores 9th Gen H Series i7 CPU က Hardcare Gaming အတွက်လား၊ Video Rendering တွေ၊ Content Creation တွေ အတွက် သုံးမလား၊ ဒါမှမဟုတ် VR အတွက် သုံးမလား အားလုံး Ready ပါပဲ။ 1TB SSD နဲ့ ဆိုတော့ Boot တက်တာကအစ Gaming Loading Time တွေ အဆုံး လျှပ်စီးလက်နေသလို မြန်ဆန်ပေါ့ပါးနေမှာပါ။ Desktop တလုံးနီးပါး စွမ်းဆောင်ရည်ကို Ultrabook လို ဘော်ဒီပါးပါးလေးမှာ ထည့်ပေးထားတာကတော့ ASUS ရဲ့ အံ့မခန်းစွမ်းဆောင်ရည်ပါ။

ဒီလောက် စွမ်းဆောင်ရည်ကြမ်းတဲ့ Laptop မှာ အပူချိန်ကို အချိန်ကြာကြာ ထိန်းထားနိုင်ဖို့က ခဲယဉ်းပါတယ်။ အထူးသဖြင့် ဒီလို Gaming Laptop ပါးပါးလေးမှာဆို မဖြစ်နိုင်ဘူးလို့ကို ထင်စရာပါ။ ဒီအမြင်တွေကို ROG Zephyrus S GX701 က ရိုက်ချိုးပေးပါလိမ့်မယ်။ အထက်ကပြောခဲ့သလို အဖုံးဖွင့်လိုက်တာနဲ့ ဘော်ဒီကြွတက်လာမယ့် ဒီဇိုင်းက ရိုးရိုးဒီဇိုင်းတွေက လေဝင်လေထွက် ၃၂ ရာခိုင်နှုန်း ပိုကောင်းလာပါတယ်။

Laptop အထဲမှာ ကြာလာရင် ဖုန်တွေ ကပ်တာမျိုးမဖြစ်စေဖို့အတွက်လည်း Anti-dust Tunnels တွေ သီးသန့် ပါဝင်ပါတယ်။ ဒါကိုမှ လည်နှုန်းမြင့်တဲ့ ဒလက် ၈၃ ခုစီပါတဲ့ 12V ပန်ကာ နှစ်လုံး နဲ့  CPU, GPU, VRAM အတွက် Heat Pipes ၅ ချောင်း ပါဝင်တာကြောင့် Cooling Performace ကတော့ အေးမြနေမှာပါ။ System Perforamce များများ သုံးရင် ပန်ကာလည်နှုန်းတော့ နည်းနည်းကြမ်းတာ တွေ့ရပါတယ်။ ဒါပေမယ့် အဓိကက Cooling ဖြစ်ဖို့အတွက်ဆိုတော့ ဒါက သိပ်ရှော့မရှိပါဘူး။

ASUS Zephyrus S GX701 ကို ကြွေသွားလောက်ပြီ ထင်ပါတယ်။ စျေးကလည်း ၂,၉၉၉ ဒေါ်လာဆိုတော့ Desktop-grade Gaming Laptop တလုံးအနေနဲ့ မဆိုးဘူးလို့ ပြောနိုင်ပါတယ်။ သူများနဲ့မတူ ပါးပါးလျလျ Gaming Laptop တလုံးလည်း ကိုင်ချင်တယ်။ Performance ကိုလည်း ရှိသမျှဂိမ်းအကုန်လုံးကို အမြင့်ဆုံး ခံစားမှုနဲ့ ဆော့ချင်တယ်ဆိုရင်တော့ Zephyrus S GX701 က ရွေးချယ်သင့်တဲ့ Laptop တလုံး ဖြစ်ပါတယ်။

%d bloggers like this: