မျက်နှာပြင်အောက် လက်ဗွေရာ ဆန်ဆာပါတဲ့ iPhone ကို ၂၀၂၁ ကျမှ ရောင်းမည်

Apple က ၂၀၁၇ ထုတ် iPhone X မှာ Touch ID ကို ဖယ်ရှားခဲ့ပြီး 3D Facial Recognition နည်းပညာကို မိတ်ဆက်ခဲ့ပါတယ်။ အရင်နှစ်ထုတ် iPhone XS Series တွေမှာလည်း ပြန်မထည့်ခဲ့ပါဘူး။ အခုတော့ Apple အရေး လေ့လာဆန်းစစ်သူ Ming-Chi Kuo က မျက်နှာပြင်အောက် လက်ဗွေရာ ဆန်ဆာနဲ့ Face ID ပါတဲ့ iPhone ကို ၂၀၂၁ မှာ ရောင်းမယ်လို့ ပြောလိုက်ပါတယ်။

သူက Apple ဟာ Qualcomm ရဲ့ Ultrasonic Fingerprint Sensor ကို သုံးထားမယ်လို့ ပြောပါတယ်။ ဒီနေ့ခေတ် စမတ်ဖုန်း အများစုမှာလို အာရုံခံ ဧရိယာဟာ ကြီးမားမှာ ဖြစ်ပါတယ်။ သူက လက်ရှိ မျက်နှာပြင်အောက် လက်ဗွေရာ ဆန်ဆာတွေရဲ့ နည်းပညာ အခက်အခဲတွေကို လာမယ့် ၁၂ လနဲ့ ၁၈ လအတွင်းမှာ ဖြေရှင်းနိုင်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ လက်ရှိ မျက်နှာပြင်အောက် လက်ဗွေရာ ဆန်ဆာတွေဟာ အာရုံခံနိုင်တဲ့ ဧရိယာ သေးငယ်ခြင်း၊ စွမ်းအင် စားသုံးမှု မြင့်မားခြင်း၊ အာရုံခံ ကိရိယာ ထူခြင်း၊ ထုတ်လုပ်ရတာ ခက်ခဲခြင်း စတဲ့ ပြဿနာတွေ ရှိနေပါသေးတယ်။

Apple ဟာ ၂၀၂၀ မှာ ထုတ်မယ့် iPhone အားလုံုးမှာ 5G ဆက်သွယ်မှု ထည့်သွင်းထားမယ်လို့လည်း သတင်းထွက်နေပါတယ်။ အဲဒီထဲက နှစ်လုံးမှာ Time-of-flight Sensors တွေ ပါလာနိုင်ပါတယ်။

Ref : fonearena

မျက်နှာပြင်အောက် လက်ဗွေရာ ဆန်ဆာပါတဲ့ iPhone ကို ၂၀၂၁ ကျမှ ရောင်းမည်

%d bloggers like this: