တရုတ်မှာ ပထမဆုံး 5G Phone ကို ရောင်းပေးလိုက်တဲ့ ZTE

ZTE ဟာ တရုတ်မှာ ပထမဆုံး 5G Phone ကို ရောင်းပေးလိုက်တဲ့ ပထမဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။ ZTE Axon 10 Pro 5G ကို ဖေဖော်ဝါရီလက MWC ပွဲမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ တရုတ်မှာ အဲဒီ 5G Phone ကို ဝယ်ယူနိုင်ပေမယ့် အောက်တိုဘာလနောက်ပိုင်းလောက်ကျမှသာ 5G ကွန်ရက်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Axon 10 Pro 5G မှာ 5G ပါတာကလွဲပြီး အခြား Specs များက သာမာန် မော်ဒယ်နဲ့ တူညီပါတယ်။ သူဟာ ယခင်နှစ်ထုတ် Axon 9 Pro ကိုများစွာ အဆင့်မြှင့်ထားတာပါ။ အရွယ်ကြီး Notch အစား အရွယ်သေး Notch ကို အစားထိုးထားပါတယ်။ လက်ဗွေရာ ကိရိယာကို အနောက်အစား မျက်နှာပြင်အောက်မှာ ထည့်ထားပါတယ်။

ကင်မရာ ၂ လုံးတပ် အစား ၃ လုံး ထည့်သွင်းထားပါတယ်။ အနောက်ကင်မရာ ၃ လုံးထဲမှာ 48MP Camera ပါပါတယ်။ ဒုတိယ တစ်လုံးမှာ 20MP Ultra Wide Camera ဖြစ်ပါတယ်။ တတိယ တစ်လုံးမှာ 8MP Telephoto Camera ဖြစ်ပါတယ်။ 48MP မှာ Pixel Binning နည်းပညာပါတဲ့ အတွက် Low light Photo တွေ ကောင်းပါတယ်။ အရှေ့ဘက်မှာ 20MP Camera ပါပါတယ်။

သူ့ရဲ့ မျက်နှာပြင် အရွယ်အစားမှာ ၆.၄၇ လက်မ ဖြစ်ပြီး 1080x2340p Resolution ဖြစ်ပါတယ်။ 6GB RAM , 128GB Storage များ ထည့်သွင်းထားပါတယ်။ X50 5G Modem ပါတဲ့ Snapdragon 855 Chipset ထည့်သွင်းထားမှာပါ။ 6/128GB Model ကို ၄၆၂ ဒေါ်လာနဲ့ 12/256GB Model ကို ၆၀၆ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : theverge

တရုတ်မှာ ပထမဆုံး 5G Phone ကို ရောင်းပေးလိုက်တဲ့ ZTE

%d bloggers like this: