သြဂုတ်လ ၇ ရက်မှာ Redmi က 64MP Camera ကို ပြသမည်

Realme က 64MP Quad Camera ကို သြဂုတ်လ ၈ ရက်မှာ ပြသတော့မှာ ဖြစ်ပါတယ်။ Xiaomi ကတော့ သူ့ထက်စောပြီး ပြသချင်နေပါတယ်။ Xiaomi က သြဂုတ်လ ၇ ရက်မှာ 64MP Camera ကို ပြသမယ့် ပွဲအတွက် ဖိတ်စာတွေကို ဖြန့်ဝေလိုက်ပါတယ်။

အဲဒီ ကင်မရာကို Redmi Smartphone တစ်လုံးမှာ ထည့်သွင်းထားနိုင်ပြီး 20MB Images တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ အဲဒီ ကင်မရာမှာ Tetracell ကို အသုံးပြုထားပြီး အရမ်းကို ကြည်လင်ပြတ်သားတဲ့ 16MP Images တွေကို ဖမ်းယူပေးနိုင်ပါတယ်။ Redmi က 64MP Smartphone Camera နဲ့ ရိုက်ထားတဲ့ ဓါတ်ပုံကို ဇူလိုင်လက ပြသခဲ့ပါတယ်။

Realme က 64MP Camera Phone ကို ဒီလ ၈ ရက်နေ့မှာ ပြသမယ်လို့ ဒီရက်ပိုင်းက သတင်းပေးခဲ့ပါတယ်။ Realme က နယူးဒေလီမှာ ဒီလ ၈ ရက်တွင် Camera Innovation Event ကို ကျင်းပမယ်လို့ ကြေညာထားပါတယ်။ Realme က ဇွန်လမှာ သူ့ရဲ့ ပထမဆုံး 64MP Quad Camera Smartphone ကို Tease လုပ်ခဲ့ပါတယ်။ Realme က Samsung ရဲ့ 64MP Camera ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။

Ref : gsmarena

သြဂုတ်လ ၇ ရက်မှာ Redmi က 64MP Camera ကို ပြသမည်

%d bloggers like this: