ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းထုတ်လုပ်သူ ၁၀ ဦးစာရင်းတွင် realme အမှတ်တံဆိပ်ပါဝင်လာ

ကုမ္ပဏီတည်ထောင်ပြီး ၁နှစ်အတွင်း ရောက်ရှိလာခဲ့ခြင်းပြီး တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံဆိပ်အဖြစ်ပါ realme ရပ်တည်နိုင်ခဲ့ခြင်းဖြစ်

နိုင်ငံတကာအာဏာရသုတေသနအဖွဲ့အစည်းဖြစ်သည့် Counterpoint က သိပ်မကြာခင်အချိန်တွင် ၂၀၁၉ ဒုတိယ ၃လပတ်အတွက် မိုဘိုင်းဖုန်းတင်သွင်းမှုဆိုင်ရာ အစီရင်ခံစာတစ်စောင်ကိုထုတ်ပြန်ပေးခဲ့ပြီး အဆိုပါ အစီရင်ခံစာအရ တိုးတက်ဆဲစမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သည့် realme  မှာ ထူးခြားစောင့်ကြည့်စရာကောင်းသည့် စွမ်းဆောင်မှုများကို ပြသခဲ့ကြောင်း ဖော်ပြထားသည်။ ကုမ္ပဏီတည်ထောင်ပြီး တစ်နှစ်အကြာမှာပင် realme အနေဖြင့် Samsung, Huawei နှင့် Apple တို့နှင့်အတူ ကမ္ဘာ့စမတ်ဖုန်းထုတ်လုပ်သူ ၁၀ ဦးစာရင်းတွင် တစ်ဦးအဖြစ် မြန်ဆန်စွာ ပါဝင်လာခဲ့သည်။ ၂၀၁၉ ဒုတိယ ၃လပတ်တွင် realme ၏ တစ်ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းတင်ပို့မှုမှာ ၄.၇သန်းအထိရှိခဲ့ပြီး နှစ်အလိုက်တိုးတက်မှုနှုန်းတွင် ၈၄၈ ရာခိုင်နှုန်းအထိရှိလာခဲ့ကာ တစ်ကမ္ဘာလုံးတွင် တိုးတက်မှုအမြန်ဆုံးရှိသည့်စမတ်ဖုန်းအမှတ်တံဆိပ်အဖြစ် မှတ်တမ်းဝင်လာခဲ့ခြင်းသည်။

 စွန့်စားကျော်လွှာရဲသည့်အမှတ်တံဆိပ်တစ်ခုအဖြစ် realme အနေဖြင့် လူငယ်များအတွက် စံနမူနာပြယုဂ်တစ်ခုဖြစ်လာစေရန် ရည်ရွယ်ထားရှိ

မြန်ဆန်စွာတိုးတက်လာသည့် realme အနေဖြင့် ၎င်းတို့၏လူငယ်သုံးစွဲသူများဈေးကွက်ကို  တိကျခိုင်မာစွာဖမ်းဆုပ်နိုင်စေရန် အနီးကပ်လုပ်ဆောင်ခဲ့ပြီး အဆိုပါအချက်ပေါ်အခြေခံကာ brand ခံယူချက်နှင့်  တစ်မူထူးခြားဆန်းသစ်သည့် သုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်းတို့ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ တစ်ဖက်တွင် realme အနေဖြင့် စွန့်စားကျော်လွှာရဲသည့် “Dare-to-Leap” အတွေးအခေါ်မျိုးနှင့်အတူ အဆင့်မြင့်နည်းပညာများကို လက်ခံကျင့်သုံးခဲ့ခြင်းဖြစ်ပြီး တူညီသည့်ဈေးနှုန်းမျိုးတွင် စွမ်းဆောင်မှုနှင့် ဒီဇိုင်းပိုင်းအတွက် စံနှုန်းတစ်ရပ်ဖြစ်လာခဲ့သလို လူငယ်သုံးစွဲသူများအတွက် ပိုမိုစွန့်စားကျော်လွှာရဲသည့် အတွေ့အကြုံများကို ပေးအပ်သွားစေခြင်းဖြစ်သည်။ အခြားတစ်ဖက်တွင်မူ realme အနေဖြင့် တန်ဖိုးနည်းအရာများကို တန်ဖိုးမြင့်အောင်မြှင့်တင်ခဲ့ပြီး အဓိကအားဖြင့် အွန်လိုင်းရောင်းဝယ်မှုဆိုင် e-commerce တွင် သုံးစွဲသူများအတွက် ပိုမိုမြင့်မားသည့် အကျိုးကျေးဇူးများကိုပေးအပ်စေခဲ့ခြင်းဖြစ်ကာ ပိုမို များပြားသည့်လူငယ်လူရွယ်များအနေဖြင့် နည်းပညာနှင့် ဒီဇိုင်းတို့ကသယ်ဆောင်ပေးလာသည့် အရည်အသွေးမြင့်ဘဝများကို ခံစားနိုင်စေခြင်းဖြစ်သည်။

Realme ၏တည်ထောင်သူနှင့် CEO ဖြစ်သူ Sky Li က “realme ရဲ့မူလရည်ရွယ်ချက်က ထူးခြားဆန်းသစ်တဲ့အတွေ့အကြုံကောင်းများစွာပေါင်းစပ်ထားတဲ့ ထုတ်ကုန်တွေကို လူငယ်တွေအတွက် ဖန်တီးပေးသွားဖို့ပဲဖြစ်ပါတယ်။ ဒီဦးတည်ချက်အပေါ်မှာအခြေခံထားတဲ့ ကျွန်တော်တို့ရဲ့ စွန့်စားကျော်လွှာရဲတယ်ဆိုတဲ့ မူဝါဒကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ တူညီတဲ့ဈေးနှုန်းအတိုင်းအတာအတွင်းမှာပဲ ပိုမိုအံ့အားသင့်စရာကောင်းစေမယ့် ထုတ်ကုန်ကောင်းတွေကို လူငယ်သုံးစွဲသူတွေအတွက် ပေးအပ်သွားနိုင်ဖို့ ကျွန်တော်တို့မျှော်လင့်ထားပါတယ်။ ဒါဟာ ဒီဇိုင်းပိုင်းပဲဖြစ်ဖြစ်၊ စွမ်းဆောင်မှုအပိုင်းပဲဖြစ်ဖြစ် ဒါမှမဟုတ် အရည်အသွေးပိုင်းပဲဖြစ်ဖြစ် သူတို့ရဲ့မျှော်လင့်ချက်တွေကို ကျော်လွန်ဖြည့်ဆည်းပေးသွားဖို့ပါပဲ” ဟု ပြောဆိုသွားခဲ့သည်။

 အရည်အသွေးမြင့်မားတဲ့နည်းပညာများအတွက် အလုံးစုံစီစဉ်ဆောင်ရွက်မှုတွေလုပ်ဆောင်နိုင်စေရန် အမြင့်ဆုံးကြိုးစားအားထုတ်သွားရမည်

လက်ရှိအချိန်ထိ realme အနေဖြင့် တရုတ်၊ ဥရောပ၊ အိန္ဒိယ၊ အရှေ့တောင်အာရှတို့အပါအဝင် ဈေးကွက်ပေါင်း ၂၀ကျော်ကို အောင်မြင်စွာဝင်ရောက်ထားပြီးဖြစ်သလို ဈေးကွက်အများအပြားတွင် အကြိမ်များစွာ ရောင်းအားစံချိန်များကို ချိုးဖြတ်ရယူထားကာ အိန္ဒိယတွင် ၃လပတ် ၃ကြိမ်ဆက်တိုက် ထိပ်တန်းစမတ်ဖုန်း၅ခုအဖြစ်ပါ ရပ်တည်နေခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းလုံးရှိ သုံးစွဲသူများအား ၎င်းတို့၏အားပေးမှုအတွက် ကျေးဇူးတင်သည့်အနေဖြင့် realme မှာ ကနဦးအကြံကောင်းများကို ဆက်လက်ဆွဲကိုင်လုပ်ဆောင်သွားမည်ဖြစ်သလို 64MP အရည်အသွေးရှိစမတ်ဖုန်းသစ်တစ်လုံးနှင့် Snapdragon 855 တပ်ဆင်ထားသည့် အဆင့်မြင့်စမတ်ဖုန်းတစ်လုံးတို့ကို သိပ်မကြာသည့်အနာဂတ်တွင် မိတ်ဆက်ချပြပေးသွားမည့်အချက်များအပါအဝင် ပိုမိုရင်ခုန်စိတ်လှုပ်ရှားစရာကောင်းပြီး ပိုမိုအံ့အားသင့်စရာကောင်းစေမည့် ထုတ်ကုန်များကိုပါ သုံးစွဲသူများအတွက်  ပေး အပ်လျက်ရှိသည်။

စွန့်စားကျော်လွှာရဲသည့် လူငယ် brand တစ်ခုဆိုသည့်အတိုင်း realme အနေဖြင့် တီထွင်ဆန်းသစ်မှုနယ်ပယ်တွင် ပြင်ဆင်နိုင်စေရန်အတွက် အဆင့်မြင့်နည်းပညာများအသုံးချမှုကို တက်ကြွစွာရှာဖွေဖော်ထုတ်ခြင်းနှင့်အတူ ဖက်ရှင်ပိုင်း ဆိုင်ရာဒီဇိုင်းနှင့် အဆင့်မြင့်အရည်အသွေးပိုင်းတို့တွင် ပိုမိုသည့်ဖြစ်နိုင်ခြေများကို စဉ်ဆက်မပြတ် ရှာဖွေဖန်တီးပေးသွားမည်ဖြစ်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ တွင်လည်း ဗျူဟာပိုင်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွင် အားသာချက်များရရှိစေရန်ပါ လုပ်ဆောင်သွားမည်ဖြစ်သည်။ Realme အနေဖြင့် စစ်မှန်သော စွန့်စားကျော်လွှာရဲသည့် အတွေ့အကြုံများကို သုံးစွဲသူများအား ထောက်ပံ့ပေးနိုင်စေရန်အတွက် ထုတ်ကုန်စွမ်းဆောင်မှု၊ ဒီဇိုင်းပိုင်းနှင့် အရည်အသွေးပိုင်းတို့တွင် ကိုယ်ကိုယ်တိုင်ဖန်တီးနိုင်မှုကိုပင် ကျော်လွန်ကာ ဆက်လက်ကြိုးပမ်းသွားဦးမည်ဖြစ်သည်။

#realmemyanmar

%d bloggers like this: