ဒုတိယ အသုတ္မွာ ေရာင္းအား လန္းေနတဲ့ Black Shark 2 Pro

ၾသဂုတ္လ ၄ ရက္ေန႔မွာ Black Shark 2 Pro Gaming Phone ကို ဒုတိယ အႀကိမ္ တရုတ္မွာ ေရာင္းေပးလိုက္ပါတယ္။ 12GB+128GB ကို 2999 yuan ($432) နဲ႔ 12GB+256GB ကို 3499 yuan ($504) သတ္မွတ္ထားတာပါ။ ျမန္မာေငြ ၆၅၀,၀၀၀ နဲ႔ ၇၆၀,၀၀၀ ေလာက္ ရွိပါတယ္။ ခဏေလးအတြင္းမွာ ေမာ္ဒယ္ ႏွစ္လံုးစလံုး ပစၥည္းျပတ္သြားပါတယ္။

သူ႔ရဲ႕ Specs ေတြကို ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။ သူ႔မွာ နာက္ဆံုးထုတ္ Snapdragon 855+ နဲ႔ UFS 3.0 Storage ေတြ ပါလာပါတယ္။ အေနာက္ဘက္မွာ RGB Lights အပို ႏွစ္ခု ပါလာၿပီး ဒီဇိုင္းကို အနည္းငယ္ ဆန္းသစ္ထားပါတယ္။

Black Shark 2 Pro မွာ ၆.၃၉ လက္မ FHD+ AMOLED Display ပါပါတယ္။ Black Shark က Touch Latency ကို ေလွ်ာ့ခ်ထားၿပီး Black Shark 2 ရဲ႕ 43.5ms ကေန Pro မွာ 34.7ms အထိ ေလွ်ာ့ခ်ထားတယ္လို႔ ေျပာပါတယ္။ အဲဒီအတြက္ ဂိမ္းကစားရင္ ဖလန္းဖလန္းထေနမွာပါ။ ေနာက္ဆံုးထုတ္ Snapdragon 855+ , 12GB RAM ေတြ ပါပါတယ္။ 128 or 256GB Storage ေတြ ေရြးခ်ယ္ႏုိင္ၿပီး ပိုျမန္တဲ့ UFS 3.0 ပါပါတယ္။

AnTuTu မွာ Black Shark 2 Pro ဟာ လက္ရွိ ဖုန္းေတြထဲမွာ အမွတ္အမ်ားဆံုးရသြားၿပီး ၅၀၀,၆၁၀ ရထားပါတယ္။ Black Shark 2 Pro မွာ အပူခ်ိန္ကို ေလွ်ာ့ခ်ေပးတဲ့ Liquid Cooling 3.0 ကို အဆင့္ျမွင့္ထားပါတယ္။ အေနာက္ဘက္မွာ 48MP+12MP Dual Cameras ေတြ ထည့္သြင္းထားပါတယ္။ ဆဲလ္ဖီး ကင္မရာက 20MP ပါ။ ဘက္ထရီက 4000mAh ျဖစ္ၿပီး 27W Fast-charging ပါပါတယ္။ Android 9 Pie Stock Version ေမာင္းႏွင္ထားပါတယ္။ အနက္၊ ေငြ၊ အျပာ၊ လိေမၼာ္၊ ခရမ္းေရာင္ေတြ ထုတ္လုပ္ထားပါတယ္။

Ref : gizchina

[Unicode]

ဒုတိယ အသုတ်မှာ ရောင်းအား လန်းနေတဲ့ Black Shark 2 Pro

သြဂုတ်လ ၄ ရက်နေ့မှာ Black Shark 2 Pro Gaming Phone ကို ဒုတိယ အကြိမ် တရုတ်မှာ ရောင်းပေးလိုက်ပါတယ်။ 12GB+128GB ကို 2999 yuan ($432) နဲ့ 12GB+256GB ကို 3499 yuan ($504) သတ်မှတ်ထားတာပါ။ မြန်မာငွေ ၆၅၀,၀၀၀ နဲ့ ၇၆၀,၀၀၀ လောက် ရှိပါတယ်။ ခဏလေးအတွင်းမှာ မော်ဒယ် နှစ်လုံးစလုံး ပစ္စည်းပြတ်သွားပါတယ်။

သူ့ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ သူ့မှာ နာက်ဆုံးထုတ် Snapdragon 855+ နဲ့ UFS 3.0 Storage တွေ ပါလာပါတယ်။ အနောက်ဘက်မှာ RGB Lights အပို နှစ်ခု ပါလာပြီး ဒီဇိုင်းကို အနည်းငယ် ဆန်းသစ်ထားပါတယ်။

Black Shark 2 Pro မှာ ၆.၃၉ လက်မ FHD+ AMOLED Display ပါပါတယ်။ Black Shark က Touch Latency ကို လျှော့ချထားပြီး Black Shark 2 ရဲ့ 43.5ms ကနေ Pro မှာ 34.7ms အထိ လျှော့ချထားတယ်လို့ ပြောပါတယ်။ အဲဒီအတွက် ဂိမ်းကစားရင် ဖလန်းဖလန်းထနေမှာပါ။ နောက်ဆုံးထုတ် Snapdragon 855+ , 12GB RAM တွေ ပါပါတယ်။ 128 or 256GB Storage တွေ ရွေးချယ်နိုင်ပြီး ပိုမြန်တဲ့ UFS 3.0 ပါပါတယ်။

AnTuTu မှာ Black Shark 2 Pro ဟာ လက်ရှိ ဖုန်းတွေထဲမှာ အမှတ်အများဆုံးရသွားပြီး ၅၀၀,၆၁၀ ရထားပါတယ်။ Black Shark 2 Pro မှာ အပူချိန်ကို လျှော့ချပေးတဲ့ Liquid Cooling 3.0 ကို အဆင့်မြှင့်ထားပါတယ်။ အနောက်ဘက်မှာ 48MP+12MP Dual Cameras တွေ ထည့်သွင်းထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 20MP ပါ။ ဘက်ထရီက 4000mAh ဖြစ်ပြီး 27W Fast-charging ပါပါတယ်။ Android 9 Pie Stock Version မောင်းနှင်ထားပါတယ်။ အနက်၊ ငွေ၊ အပြာ၊ လိမ္မော်၊ ခရမ်းရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizchina

%d bloggers like this: