Mi Gaming Laptop 2019 ကို ကြေညာလိုက်တဲ့ Xiaomi

Xiaomi က Mi Gaming Laptop 2019 ကို ကြေညာလိုက်ပါတယ်။ သူ့မှာ နောက်ဆုံးထုတ် Intel 9th Gen Core Processor , NVIDIA Turing Architecture Graphics Card, 144Hz Screen တွေ ပါပါတယ်။ Intel i5-8300H နဲ့ i7-9750H တွေ ရွေးချယ်နိုင်ပါတယ်။ 16GB GDDR6 Memory နဲ့ PCIe 3.0 x4 SSD Solid-state Drive တွေ ပါပါတယ်။

Mi Gaming Laptop 2019 မှာ အပူထုတ်တဲ့ စနစ်အတွက် အရွယ်ကြီး လေထွက်ပေါက် လေးခု ထည့်သွင်းထားပါတယ်။ အပူ ထုတ်တဲ့ စနစ်ဟာ အရင်နှစ်ထုတ် မော်ဒယ်ထက် ၁၆ ရာခိုင်နှုန်း ပိုကောင်းလာပါတယ်။ အပူလျှော့ချပေးနိုင်တဲ့ ဧရိယာဟာလည်း ၅၀ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ၁၅.၆ လက်မ မျက်နှာပြင်ပါပြီး 144Hz High Refresh Rate ကို ထောက်ပံ့ထားပါတယ်။ ဂိမ်းတွေ ကစားရင် ဖလန်းဖလန်းထနေမှာပါ။ Screen-to-body Ratio က ၈၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။

Mi Gaming Laptop 2019 ရဲ့ ဒီဇိုင်းက အရင်နှစ်ထုတ် မော်ဒယ်နဲ့ တူတူပါပဲ။ Specs တွေကိုတော့ အဆင့်မြှင့်ထားပါတယ်။ ကီးဘုတ်မှာ ပရိုဂရမ် ရေးဆွဲထားနိုင်တဲ့ ခလုတ် ငါးခု ပါပါတယ်။ Windows 10 မောင်းနှင်ထားပါတယ်။ i5/8GB/512GB/GTX 1660 Ti ကို 7499 yuan ($1080), i7/16GB/512GB/GTX 1660 Ti ကို 8599 yuan ($1239) နဲ့ i7/16GB/512GB/RTX 2060 ကို 8999 yuan ($1297) သတ်မှတ်ထားပါတယ်။ မြန်မာငွေအားဖြင့် ၁,၆၃၃,၀၀၀ ၁,၈၇၂,၀၀၀ နဲ့ ၁,၉၅၉,၀၀၀ လောက် ရှိနိုင်ပါတယ်။ ဒီလ ၁၆ ရက်မှာ တရုတ်တွင် ရောင်းမှာပါ။

Ref : gizchina

Mi Gaming Laptop 2019 ကို ကြေညာလိုက်တဲ့ Xiaomi

%d bloggers like this: