Hoverboard နဲ့ အင်္ဂလိပ် ရေလက်ကြားကို ပထမဆုံး ဖြတ်သန်းပြနိုင်တဲ့ ပြင်သစ် လူမျိုး

ပြင်သစ်လူမျိုး စွန့်ဦးတီထွင်သူ Franky Zapata ဟာ ဇူလိုင်လမှာ Hoverboard နဲ့ အင်္ဂလိပ် ရေလက်ကြားကို ဖြတ်သန်းပြဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အခုတော့ အောင်မြင်သွားခဲ့ပါပြီ။ ဒီလ ၄ ရက်နေ့ နံနက် အစောပိုင်းမှာ ထပ်မံကြိုးစားခဲ့တာပါ။ ပြင်သစ်မှ Sangatte ကနေ အင်္ဂလန်မှ Dover ကို ပျံသန်းခဲ့တာပါ။ ၂၂ မိုင် ခရီးကို အမြန်ဆုံး အနေနဲ့ တစ်နာရီကို ၁၀၆ မိုင်နှုန်းနဲ့ ပျံသန်းခဲ့တာပါ။ ခရီးစဉ်ဟာ ၂၂ မိနစ်ပဲ ကြာခဲ့ပါတယ်။

The Guardian က သူ့ရဲ့ ကျောပိုးအိတ်မှာ လောင်စာဆီဟာ ၁၀ မိနစ်စာအတွက်သာ ပါခဲ့ပြီး လမ်းခုလတ်မှာ ကျောပိုးအိတ် နောက်တစ်လုံးကို လဲခဲ့ရပါတယ်။ တရစပ် ပျံသန်းတာ မဟုတ်ဘဲ လမ်းခုလတ်မှာ ဆီဖြည့်တဲ့ စင်ပေါ်ကို ရပ်နားခဲ့တာပါ။ ဒါဟာ အင်္ဂလိပ် ရေလက်ကြားကို Hoverboard နဲ့ ဖြတ်သန်းပြတဲ့ သူ့ရဲ့ ဒုတိယမြောက် ကြိုးစားမှုပါ။ ဇူလိုင်လနှောင်းပိုင်းမှ ပထမ အကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဆီဖြည့်တဲ့ စင်ပေါ်တက်ဖို့ ကြိုးစားစဉ်မှာ ပင်လယ်ထဲ ပြုတ်ကျသွားတာပါ။ ဒီတစ်ကြိမ်မှာတော့ အရွယ်အစား ပိုကြီးတဲ့ ဆီဖြည့်စင်ကို အသုံးပြုခဲ့ကြပါတယ်။

Zapata ရဲ့ Hoverboard မှာ ဂျက်အင်ဂျင်ကို အသုံးပြုထားပါတယ်။ သူ့လိုပဲ Hoverboard ကို တီထွင်နေတဲ့ တခြားလူတွေလည်း ရှိပါတယ်။ အင်္ဂလိပ် လူမျိုး Richard Browning ကလည်း လက်မောင်းမှာ ဝတ်ဆင်ရတဲ့ အင်ဂျင် ခြောက်လုံးတပ် Hoverboard ကို တီထွင်ထားပါတယ်။

Ref : theverge

Hoverboard နဲ့ အင်္ဂလိပ် ရေလက်ကြားကို ပထမဆုံး ဖြတ်သန်းပြနိုင်တဲ့ ပြင်သစ် လူမျိုး

%d bloggers like this: