5G MacBooks ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမယ့် Apple

လာမယ့်နှစ် နှစ်ဝက်မှာတော့ Apple ရဲ့ ပထမဆုံး 5G MacBook ကို မြင်ရနိုင်ပါတယ်။ ဒီသတင်းကို Digitimes က မျှဝေထားတာ ဖြစ်ပါတယ်။ Apple က Ceramic Materials ကို အသုံးပြုထားမှာ ဖြစ်ပြီး အဲဒီ Materials ဟာ 5G အမြန်နှုန်းကို ၂ ဆ ပိုမို ကောင်းစေတယ်လို့ သိရပါတယ်။ Apple က ဆဲလ်လူလာ လိုင်း ပိုမို မိအောင်နဲ့ ဒေတာတွေ ကူးပြောင်းရာမှာ ပိုမို မြန်ဆန်အောင် ပြုလုပ်ထားမယ်လို့ သိရပါတယ်။

Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က 5G ပါတဲ့ အိုင်ဖုန်းကို ၂၀၂၀ ခုနှစ်မှာ ရောင်းမယ်လို့ ပြောထားပါတယ်။ စကရင် အရွယ်အစား အသစ် နှစ်ခု ထုတ်ပေးထားမှာ ဖြစ်ပြီး ဖုန်း အားလုံးမှာ OLED Panel များ ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ Kuo က စွမ်းရည်မြင့် အိုင်ဖုန်း နှစ်လုံး ထုတ်ပေးထားမှာ ဖြစ်ပြီး ၅.၄ လက်မ နဲ့ ၆.၇ လက်မ OLED Screen များ ပါမယ်လို့ ပြောပါတယ်။ နောက်တစ်လုံးက iPhone XR ရဲ့ မျိုးဆက် ဖြစ်ပြီး ၆.၁ လက်မ OLED Screen ပါလာမှာပါ။ ဒါပေမယ့် သူ့မှာ LTE သာ ပါလာမှာပါ။

လက်ရှိ iPhone XS ဟာ ၅.၈ လက်မ စကရင် ဖြစ်ပြီး သူ့မျိုးဆက်သစ်က ၅.၄ လက်မသာ ရှိမယ့်အတွက် အရွယ်အစား ပိုမို ကျစ်လစ်လာမှာပါ။ iPhone XS Max က ၆.၅ လက်မ ကနေ သူ့မျိုးဆက်သစ်ဟာ ၆.၇ လက်မ ဖြစ်လာမယ့် အတွက် အရွယ်အစား ပိုမိုကြီးမားလာမှာ ဖြစ်ပါတယ်။

Kuo က Apple ရဲ့ 5G Modem ဟာ ၂၀၂၂ ခုနှစ် မတိုင်ခင် ထွက်လာမှာ မဟုတ်တဲ့ အတွက် ၅.၄ လက်မနဲ့ ၆.၇ လက်မ အိုင်ဖုန်းများမှာ Qualcomm ရဲ့ Modems များကို အသုံးပြုထားမယ်လို့ ပြောပါတယ်။ ၂၀၂၀ ခုနှစ်ထုတ် iPhone 12 နဲ့ 12 Max များဟာ Sub-6GHz နဲ့ mmWave နည်းပညာများကို ထောက်ပံ့မယ်လို့ သိရပါတယ်။ ဒီနှစ်မှာ ထုတ်မယ့် iPhone 11 များမှာ 4G သာ ပါလာမှာပါ။

Ref : gsmarena

5G MacBooks ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမယ့် Apple

%d bloggers like this: