Xiaomi က Redmi K20 အတြက္ Gamepad ကို ေရာင္းမည္

လာမယ့္ ေသာၾကာေန႔မွာ တရုတ္ရဲ႕ အႀကီးမားဆံုး Gaming နဲ႔ Digital Entertainment ျပပြဲ ျဖစ္တဲ့ China Joy Expo ကို က်င္းပေတာ့မွာပါ။ Xiaomi က အဲဒီပြဲမွာ ပါ၀င္မွာ ျဖစ္ၿပီး ထုတ္ကုန္ အသစ္ေတြကို ေၾကညာႏိုင္ပါတယ္။ Xiaomi ရဲ႕ တရား၀င္ ၀ီဘိုအေကာင့္က Gaming Product အသစ္တစ္ခုကို ေၾကညာေတာ့မယ္လို႔ ေဖာ္ျပလိုက္ပါတယ္။ Xiaomi က မၾကာခင္က ေၾကညာထားတဲ့ Redmi K20 အတြက္ Gaming Accessory တစ္ခုကို ေၾကညာမယ္လို႔ အရိပ္အျမြက္ ေျပာထားတဲ့ ပိုစတာတစ္ခုကို မွ်ေ၀လိုက္ပါတယ္။

ကုမၸဏီက Gaming Laptop တစ္ခုကို ေၾကညာႏုိင္ပါတယ္။ ဒါ့အျပင္ Redmi K20 မိတ္ဆက္ပြဲမွာ ေၾကညာခဲ့တဲ့ Game Controller Accessory ကို ေရာင္းခ်ႏိုင္ပါတယ္။ အဲဒီ Gamepad ဟာ ပထမဆံုး Xiaomi Black Shark Phone မွာပါတဲ့ Gamepad နဲ႔ ဆင္တူပါတယ္။

K20 က တန္ဖိုးသက္သာတဲ့ ေမာ္ဒယ္ ျဖစ္ၿပီး Snapdragon 730 , 6GB RAM မ်ားပါပါတယ္။ ပရိုဗားရွင္းမွာ Snapdragon 855 , 8GB RAM အထိ ပါပါတယ္။ K20 မွာ ၆.၃၉ လက္မ Full HD+ AMOLED Display ပါၿပီး Screen-to-body Ratio မွာ ၉၁.၉ ရာခုိင္ႏႈန္းပါ။ Android Pie အေျချပဳ MIUI 10 ပါပါတယ္။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ပါပါတယ္။

48MP+8MP Telephoto+13MP Ultra-wide Camera မ်ား ပါပါတယ္။ 20MP Pop-up Front Camera ထည့္ထားပါတယ္။ အေနာက္ဘက္ဟာ မီးေတာက္မီးလွ်ံ Pattern ျဖစ္ၿပီး အျပာ၊ အနီေရာင္မ်ား ထုတ္ထားပါတယ္။ Kevlar Gradient Texture မ်ားပါတဲ့ အနက္ေရာင္ကိုလည္း ေရြးခ်ယ္ႏုိင္ပါတယ္။ 4000mAh Battery ပါၿပီး 18W Fast Charging ကို ေထာက္ပံ့ထားပါတယ္။ 6GB/64GB Version ကို ၂၈၉ ေဒၚလာနဲ႔ 6GB/128GB Version ကို ၃၀၃ ေဒၚလာ သတ္မွတ္ထားပါတယ္။

Ref : gsmarena

[Unicode]

Xiaomi က Redmi K20 အတွက် Gamepad ကို ရောင်းမည်

လာမယ့် သောကြာနေ့မှာ တရုတ်ရဲ့ အကြီးမားဆုံး Gaming နဲ့ Digital Entertainment ပြပွဲ ဖြစ်တဲ့ China Joy Expo ကို ကျင်းပတော့မှာပါ။ Xiaomi က အဲဒီပွဲမှာ ပါဝင်မှာ ဖြစ်ပြီး ထုတ်ကုန် အသစ်တွေကို ကြေညာနိုင်ပါတယ်။ Xiaomi ရဲ့ တရားဝင် ဝီဘိုအကောင့်က Gaming Product အသစ်တစ်ခုကို ကြေညာတော့မယ်လို့ ဖော်ပြလိုက်ပါတယ်။ Xiaomi က မကြာခင်က ကြေညာထားတဲ့ Redmi K20 အတွက် Gaming Accessory တစ်ခုကို ကြေညာမယ်လို့ အရိပ်အမြွက် ပြောထားတဲ့ ပိုစတာတစ်ခုကို မျှဝေလိုက်ပါတယ်။

ကုမ္ပဏီက Gaming Laptop တစ်ခုကို ကြေညာနိုင်ပါတယ်။ ဒါ့အပြင် Redmi K20 မိတ်ဆက်ပွဲမှာ ကြေညာခဲ့တဲ့ Game Controller Accessory ကို ရောင်းချနိုင်ပါတယ်။ အဲဒီ Gamepad ဟာ ပထမဆုံး Xiaomi Black Shark Phone မှာပါတဲ့ Gamepad နဲ့ ဆင်တူပါတယ်။

K20 က တန်ဖိုးသက်သာတဲ့ မော်ဒယ် ဖြစ်ပြီး Snapdragon 730 , 6GB RAM များပါပါတယ်။ ပရိုဗားရှင်းမှာ Snapdragon 855 , 8GB RAM အထိ ပါပါတယ်။ K20 မှာ ၆.၃၉ လက်မ Full HD+ AMOLED Display ပါပြီး Screen-to-body Ratio မှာ ၉၁.၉ ရာခိုင်နှုန်းပါ။ Android Pie အခြေပြု MIUI 10 ပါပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။

48MP+8MP Telephoto+13MP Ultra-wide Camera များ ပါပါတယ်။ 20MP Pop-up Front Camera ထည့်ထားပါတယ်။ အနောက်ဘက်ဟာ မီးတောက်မီးလျှံ Pattern ဖြစ်ပြီး အပြာ၊ အနီရောင်များ ထုတ်ထားပါတယ်။ Kevlar Gradient Texture များပါတဲ့ အနက်ရောင်ကိုလည်း ရွေးချယ်နိုင်ပါတယ်။ 4000mAh Battery ပါပြီး 18W Fast Charging ကို ထောက်ပံ့ထားပါတယ်။ 6GB/64GB Version ကို ၂၈၉ ဒေါ်လာနဲ့ 6GB/128GB Version ကို ၃၀၃ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena

%d bloggers like this: