Asus ROG Phone II မ်ား ၇၃ စကၠန္႔ထဲနဲ႔ အလံုးေရ ၁၀,၀၀၀ ေရာင္းခ်ႏုိင္ခဲ့တဲ့

Asus ROG Phone II ဟာ ပထမဆံုး Flash Sale မွာ ၇၃ စကၠန္႔ထဲနဲ႔ အလံုးေရ ၁၀,၀၀၀ ေရာင္းခ်ႏုိင္ခဲ့တယ္လို႔ ကုမၸဏီက ေၾကညာလိုက္ပါတယ္။ ပထမဆံုး Flash Sale မတိုင္ခင္မွာလည္း သူဟာ တရုတ္မွာ အရမ္းကို ေဟာ့ေနပါတယ္။ အဲဒီ ဖုန္းကို ၀ယ္ယူဖို႔ JD.com မွာ စာရင္းေပးသြင္းထားသူ ၂.၅ သန္းေက်ာ္ရွိခဲ့ပါတယ္။

Tencent Version နဲ႔ Vanilla Version ဆိုၿပီး ႏွစ္မ်ိဳးထုတ္လုပ္ထားပါတယ္။ Tencent Version ရဲ႕ 8/128GB ကို ယြမ္ ၃၅၀၀ (၅၁၀ ေဒၚလာ) သတ္မွတ္ထားပါတယ္။ 12/512GB ကို ယြမ္ ၆၀၀၀ (၈၇၀ ေဒၚလာ) က်သင့္ပါတယ္။ ျမန္မာေငြ ၇၇၀ ၀၀၀ နဲ႔ ၁ ၃၀၀ ၀၀၀ ၀န္းက်င္ အသီးသီး ရွိႏုိင္ပါတယ္။

Vanilla Version ရဲ႕ 12/128GB ကို ယြမ္ ၆၀၀၀ (၈၇၀ ေဒၚလာ) က်သင့္ပါတယ္။ ျမန္မာေငြ ၁ ၃၀၀ ၀၀၀ ၀န္းက်င္ ရွိပါတယ္။ အထူးထုတ္ ဗားရွင္းမ်ားကိုလည္း ေရာင္းခ်ေပးထားပါတယ္။ Zhizun ကို ယြမ္ ၈၀၀၀ နဲ႔ Esports Armor Version ကို ယြမ္ ၁၃ ၀၀၀ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၁ ၇၀၀ ၀၀၀ နဲ႔ ၂ ၈၀၀ ၀၀၀ သိန္းေလာက္ က်သင့္ပါတယ္။

ROG Phone II ဟာ Qualcomm Snapdragon 855 Plus ထည့္သြင္းထားတဲ့ ပထမဆံုး စမတ္ဖုန္း ျဖစ္ပါတယ္။ အဲဒီ Chipset ဟာ ဂိမ္းကစားရင္ အရမ္းကို ေခ်ာမြတ္ျမန္ဆန္ေအာင္ ဖန္တီးထားပါတယ္။ CPU နဲ႔ GPU စြမ္းရည္မ်ားကလည္း မူလ Snapdragon 855 ထက္ ပိုေကာင္းလာပါတယ္။

Ref : gsmarena

[Unicode]

Asus ROG Phone II များ ၇၃ စက္ကန့်ထဲနဲ့ အလုံးရေ ၁၀,၀၀၀ ရောင်းချနိုင်ခဲ့တဲ့

Asus ROG Phone II ဟာ ပထမဆုံး Flash Sale မှာ ၇၃ စက္ကန့်ထဲနဲ့ အလုံးရေ ၁၀,၀၀၀ ရောင်းချနိုင်ခဲ့တယ်လို့ ကုမ္ပဏီက ကြေညာလိုက်ပါတယ်။ ပထမဆုံး Flash Sale မတိုင်ခင်မှာလည်း သူဟာ တရုတ်မှာ အရမ်းကို ဟော့နေပါတယ်။ အဲဒီ ဖုန်းကို ဝယ်ယူဖို့ JD.com မှာ စာရင်းပေးသွင်းထားသူ ၂.၅ သန်းကျော်ရှိခဲ့ပါတယ်။

Tencent Version နဲ့ Vanilla Version ဆိုပြီး နှစ်မျိုးထုတ်လုပ်ထားပါတယ်။ Tencent Version ရဲ့ 8/128GB ကို ယွမ် ၃၅၀၀ (၅၁၀ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ 12/512GB ကို ယွမ် ၆၀၀၀ (၈၇၀ ဒေါ်လာ) ကျသင့်ပါတယ်။ မြန်မာငွေ ၇၇၀ ၀၀၀ နဲ့ ၁ ၃၀၀ ၀၀၀ ဝန်းကျင် အသီးသီး ရှိနိုင်ပါတယ်။

Vanilla Version ရဲ့ 12/128GB ကို ယွမ် ၆၀၀၀ (၈၇၀ ဒေါ်လာ) ကျသင့်ပါတယ်။ မြန်မာငွေ ၁ ၃၀၀ ၀၀၀ ဝန်းကျင် ရှိပါတယ်။ အထူးထုတ် ဗားရှင်းများကိုလည်း ရောင်းချပေးထားပါတယ်။ Zhizun ကို ယွမ် ၈၀၀၀ နဲ့ Esports Armor Version ကို ယွမ် ၁၃ ၀၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁ ၇၀၀ ၀၀၀ နဲ့ ၂ ၈၀၀ ၀၀၀ သိန်းလောက် ကျသင့်ပါတယ်။

ROG Phone II ဟာ Qualcomm Snapdragon 855 Plus ထည့်သွင်းထားတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ အဲဒီ Chipset ဟာ ဂိမ်းကစားရင် အရမ်းကို ချောမွတ်မြန်ဆန်အောင် ဖန်တီးထားပါတယ်။ CPU နဲ့ GPU စွမ်းရည်များကလည်း မူလ Snapdragon 855 ထက် ပိုကောင်းလာပါတယ်။

Ref : gsmarena

%d bloggers like this: