စေရာင္းတဲ့ ရက္မွာပဲ အလံုးေရ ၃ သိန္း ေရာင္းခ်ႏိုင္ခဲ့တဲ့ Honor 9X

Honor 8X ဟာ ကုမၸဏီရဲ႕ ေရာင္းအား အေကာင္းဆံုး စမတ္ဖုန္း စီးရီး ျဖစ္ခဲ့ပါတယ္။ သူ႔ရဲ႕ မ်ိဳးဆက္သစ္ Honor 9X ဟာလည္း သူ႔ရဲ႕ အေမြကို ဆက္ခံႏိုင္ခဲ့ပါတယ္။ Honor 9X ဟာ Honor 8X ထက္ေတာင္ ေရာင္းအား ပိုသြက္ေနပါတယ္။ အခုေတာ့ ကုမၸဏီက Honor 9X ဟာ စေရာင္းတဲ့ ရက္မွာပဲ အလံုးေရ ၃ သိန္း ေရာင္းခ်ႏိုင္ခဲ့တယ္လို႔ ေၾကညာလိုက္ပါတယ္။ Honor 9X ဟာ အလံုးေရ ၁ သိန္းေရာင္းခ်ရာမွာ Honor 8X ထက္ ၂ ဆေလာက္ျမန္သြားပါတယ္။

Honor 9X နဲ႔ 9X Pro အတြက္ ပထမဆံုး Flash Sale ကို ၿပီးခဲ့တဲ့ ရက္ပိုင္းက စတင္ ေရာင္းခ်ေပးလိုက္ပါၿပီ။ ၂ မိနစ္အတြင္းမွာ အလံုးေရ တစ္သိန္း ေရာင္းခ်ႏုိင္ခဲ့တယ္လို႔ ကုမၸဏီက ေၾကညာခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလမွာ Honor 8X ကို စတင္ ေရာင္းခ်စဥ္ကထက္ ၂ ဆေလာက္ပိုျမန္စြာ ေရာင္းခ်ႏုိင္ခဲ့တယ္လို႔ Honor က ေျပာပါတယ္။

သူတို႔မွာ ၆.၅၉ လက္မ IPS LCD Screen ပါၿပီး 1080x2340p Resolution ျဖစ္ပါတယ္။ Pop-up Selfie Camera ပါပါတယ္။ အေနာက္ဘက္မွာ 48MP Main Camera, 8MP Ultra-wide Camera နဲ႔ 2MP Depth Camera မ်ားပါပါတယ္။ ပရို မဟုတ္တဲ့ ေမာ္ဒယ္မွာ ျမင္ကြင္းက်ယ္ ကင္မရာ မပါပါဘူး။ အေရွ႕ ကင္မရာက 16MP ပါ။ Octa-core Kirin 810 Chipset ေမာင္းႏွင္ထားပါတယ္။ Android 9 Pie အေျချပဳ EMUI 9.1 ပါပါတယ္။ GPU Turbo 3.0 က ဂိမ္းကစားရင္ ဖလန္းဖလန္းထေနမွာပါ။

ပရို ေမာ္ဒယ္မွာ 8GB RAM နဲ႔ 128GB or 256GB Storage မ်ား ပါပါတယ္။ သာမာန္ ေမာ္ဒယ္အတြက္ 4/64GB နဲ႔ 6/64GB မ်ားထုတ္ထားပါတယ္။ 512GB microSD Card စိုက္ႏိုင္ပါတယ္။ 4000mAh Battery ပါၿပီး လွ်င္ျမန္စြာ အားသြင္း စနစ္ မပါပါဘူး။ ဖုန္းရဲ႕ ေဘးဘက္မွာ လက္ေဗြရာ ကိရိယာ တပ္ဆင္ထားပါတယ္။

Ref : gsmarena

[Unicode]

စရောင်းတဲ့ ရက်မှာပဲ အလုံးရေ ၃ သိန်း ရောင်းချနိုင်ခဲ့တဲ့ Honor 9X

Honor 8X ဟာ ကုမ္ပဏီရဲ့ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း စီးရီး ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ မျိုးဆက်သစ် Honor 9X ဟာလည်း သူ့ရဲ့ အမွေကို ဆက်ခံနိုင်ခဲ့ပါတယ်။ Honor 9X ဟာ Honor 8X ထက်တောင် ရောင်းအား ပိုသွက်နေပါတယ်။ အခုတော့ ကုမ္ပဏီက Honor 9X ဟာ စရောင်းတဲ့ ရက်မှာပဲ အလုံးရေ ၃ သိန်း ရောင်းချနိုင်ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။ Honor 9X ဟာ အလုံးရေ ၁ သိန်းရောင်းချရာမှာ Honor 8X ထက် ၂ ဆလောက်မြန်သွားပါတယ်။

Honor 9X နဲ့ 9X Pro အတွက် ပထမဆုံး Flash Sale ကို ပြီးခဲ့တဲ့ ရက်ပိုင်းက စတင် ရောင်းချပေးလိုက်ပါပြီ။ ၂ မိနစ်အတွင်းမှာ အလုံးရေ တစ်သိန်း ရောင်းချနိုင်ခဲ့တယ်လို့ ကုမ္ပဏီက ကြေညာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ Honor 8X ကို စတင် ရောင်းချစဉ်ကထက် ၂ ဆလောက်ပိုမြန်စွာ ရောင်းချနိုင်ခဲ့တယ်လို့ Honor က ပြောပါတယ်။

သူတို့မှာ ၆.၅၉ လက်မ IPS LCD Screen ပါပြီး 1080x2340p Resolution ဖြစ်ပါတယ်။ Pop-up Selfie Camera ပါပါတယ်။ အနောက်ဘက်မှာ 48MP Main Camera, 8MP Ultra-wide Camera နဲ့ 2MP Depth Camera များပါပါတယ်။ ပရို မဟုတ်တဲ့ မော်ဒယ်မှာ မြင်ကွင်းကျယ် ကင်မရာ မပါပါဘူး။ အရှေ့ ကင်မရာက 16MP ပါ။ Octa-core Kirin 810 Chipset မောင်းနှင်ထားပါတယ်။ Android 9 Pie အခြေပြု EMUI 9.1 ပါပါတယ်။ GPU Turbo 3.0 က ဂိမ်းကစားရင် ဖလန်းဖလန်းထနေမှာပါ။

ပရို မော်ဒယ်မှာ 8GB RAM နဲ့ 128GB or 256GB Storage များ ပါပါတယ်။ သာမာန် မော်ဒယ်အတွက် 4/64GB နဲ့ 6/64GB များထုတ်ထားပါတယ်။ 512GB microSD Card စိုက်နိုင်ပါတယ်။ 4000mAh Battery ပါပြီး လျှင်မြန်စွာ အားသွင်း စနစ် မပါပါဘူး။ ဖုန်းရဲ့ ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။

Ref : gsmarena

%d bloggers like this: