MediaTek ရဲ့ Gaming Chipset ပါတဲ့ ဖုန်း ထုတ်မယ့် Redmi

MediaTek Helio G90T အမည်ရ ဂိမ်း အသားပေး Chipset ကို Helio G90 SoC နဲ့ အတူ မနေ့က ကြေညာခဲ့ပါတယ်။ ကြေညာပွဲ ပြီးနောက်မှာ Xiaomi India ရဲ့ မန်းနေးဂျင်း ဒါရိုက်တာ ဖြစ်သူက အိန္ဒိယမှာ Helio G90T Chipset ပါတဲ့ ပထမဆုံး စမတ်ဖုန်းကို ရောင်းချမယ်လို့ ကြေညာလိုက်ပါတယ်။ Redmi ရဲ့ အထွေထွေ မန်နေဂျာ ဖြစ်သူ Lu Weibing ကလည်း တရုတ် လူမှုကွန်ရက် ဝီဘိုမှာ Helio G90T Smartphone တစ်လုံးကို မကြာခင်မှာ Redmi Fans တွေ မြင်ရမယ်လို့ မျှဝေလိုက်ပါတယ်။

လက်ရှိ အချိန်အထိ Redmi Helio G90T Smartphone ရဲ့ Specifications တွေကို မသိရသေးပါဘူး။ ဒါပေမယ့် Redmi ဟာ 64MP Camera Phone ကို မကြာခင် ကြေညာမယ်လို့ သတင်းပေးထားပါတယ်။ Helio G90T Processor ဟာ 64MP Camera အထိ ထောက်ပံ့ပါတယ်။ အဲဒီအတွက် Redmi Helio G90T Smartphone မှာ 64MP Quad Camera System ပါလာနိုင်ပါတယ်။

Helio G90T ဟာ 10GB LPDDRX RAM နဲ့ 90Hz Displays တွေ အထိ ထောက်ပံ့ပါတယ်။ အဲဒီအတွက် Redmi Helio G90T Smartphone မှာ RAM ပမာဏများစွာ ပါလာမှာပါ။ အဲဒီ ဖုန်းဟာ Redmi 7 Pro ဖြစ်နိုင်ပါတယ်။ ကုမ္ပဏီက Redmi 7 နဲ့ Redmi 7A တွေကိုသာ ဒီနှစ်မှာ ရောင်းချထားပါတယ်။ Fans တွေက ပရိုမော်ဒယ်ကို စောင့်မျှော်နေကြပါတယ်။

Ref : playfuldroid

MediaTek ရဲ့ Gaming Chipset ပါတဲ့ ဖုန်း ထုတ်မယ့် Redmi

%d bloggers like this: