Sony က PS4 ကို ရောင်းချထားတာ ၅ နှစ်နဲ့ ၇ လရှိပါပြီ။ ဒီနှစ် မတ်လအထိ အလုံးရေ ၉၆.၈ သန်း ရောင်းချထားနိုင်ခဲ့ပါတယ်။ အခုတော့ Sony က ဧပြီလကနေ ဇွန်လအတွင်းမှာ အလုံးရေ ၃.၂ သန်း ရောင်းချနိုင်ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီအတွက် အလုံးရေ သန်း ၁၀၀ တိတိ ရောင်းချထားနိုင်ခဲ့ပါပြီ။
Niko Partners ရဲ့ ဈေးကွက်ကျွမ်းကျင်သူ Daniel Ahmad က PS4 ဟာ Nintendo Wii နဲ့ PS2 ထက် ရောင်းအား သွက်တယ်လို့ ပြောပါတယ်။ ဂိမ်းစက် လောကမှာတော့ အလုံးရေ သန်း ၁၀၀ ပြည့်အောင် အမြန်ဆုံးရောင်းချနိုင်ခဲ့တဲ့ ဂိမ်းစက်ဟာ PS4 ဖြစ်လာပါပြီ။ ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ အလုံးရေ သန်း ၅၀ ရောင်းချထားနိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ၁၉ သန်းနဲ့ ၂၀၁၈ ခုနှစ်မှာ ၁၇.၈ သန်း ရောင်းချထားပါတယ်။
PlayStation 5 နဲ့ PSVR 2 တို့ရဲ့ သတင်းအချက်အလက်များ မကြာခင်က ထွက်ပေါ်လာပါတယ်။ PS5 ကို ၂၀၂၀ ခုနှစ်မှာ ရောင်းချမှာပါ။ PS5 ကို ၂၀၁၉ ခုနှစ် အလယ်လောက်မှာ ကြေညာမှာ ဖြစ်ပြီး အဲဒီနောက်မှာ ကျင်းပမယ့် PlayStation Experience Event မှာ အသေးစိတ် အချက်အလက်များကို ပြောကြားမှာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် မတ်လ သို့မဟုတ် နိုဝင်ဘာလမှာ ရောင်းချမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ဟာ PS4 ရောင်းချတဲ့ အချိန်နဲ့ ၇ နှစ်ကွာခြားပါတယ်။
PS5 မှာ Virtual Reality ထောက်ပံံ့မှုဟာ အဓိက လုပ်ဆောင်ချက်များထဲမှ တစ်ခု ဖြစ်လာမယ်လို့ သတင်းထွက်နေပါတယ်။ PSVR 2 Headset မှာ ကင်မရာ ပါလာမှာ ဖြစ်ပြီး Breaker Box မလိုအပ်တော့ပါဘူး။ Headset အတွက် VR လက်အိတ်ကိုလည်း ဆိုနီက ဖန်တီးနေတယ်လို့ ဆိုပါတယ်။ PlayStation Move Controller အသစ်ကိုလည်း ဖန်တီးနေပါတယ်။
Ref : gsmarena
အလုံးရေ သန်း ၁၀၀ အမြန်ဆုံး ရောင်းချနိုင်တဲ့ Sony PS4