လာမယ့်လမှာ ကြေညာမယ့် Vivo iQOO Pro 5G

Vivo ရဲ့ ဘရန်းခွဲ iQOO က ဒီနှစ် တတိယကွာတား ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအကြားမှာ 5G Smartphone ကို ကြေညာမယ်လို့ ပြီးခဲ့တဲ့ လက ပြောခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက iQOO Pro အမည်ရ 5G Smartphone ကို သြဂုတ်လမှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။

Vivo က သူ့ရဲ့ သတင်းအချက်အလက်တွေကို မျှဝေထားခြင်းတော့ မရှိပါဘူး။ တရုတ် လူမှုကွန်ရက် ဝီဘိုမှာ ပိုစတာတစ်ခုကို မျှဝေထားပါတယ်။ ပိုစတာမှာ ဖုန်းရဲ့ အနောက်ဘက်ကို မြင်ရပါတယ်။ ပိုစတာဟာ နက်မှောင်နေပေမယ့် မတ်လက ကြေညာခဲ့တဲ့ iQOO နဲ့ ဒီဇိုင်း ဆင်တူပါတယ်။ ပိုစတာရဲ့ Exposure ကို မြှင့်ကြည့်တဲ့ အခါမှာ iQOO Pro မှာ အနောက်ကင်မရာ သုံးလုံး ပါတာကို မြင်ရပါတယ်။

iQOO Pro 5G မှာ Snapdragon 855+ SoC , 120W Fast Charging တွေ ပါလာမယ်လို့ ထင်ပါတယ်။ အခြား Specifications တွေက Vivo iQOO နဲ့ တူနိုင်ပါတယ်။ iQOO က နောက်ထပ် 5G Phone တစ်လုံးကိုလည်း ဖန်တီးနေနိုင်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ iQOO Plus 5G ရဲ့ ဓါတ်ပုံတစ်ခု ထွက်ပေါ်လာပါတယ်။ ကုမ္ပဏီက မျှဝေထားတာ မဟုတ်ပါဘူး။

iQOO Plus 5G မှာ Snapdragon 855+ , 8GB RAM , 128GB Storage , 4500mAh Battery (44W Fast Charging) တွေ ပါမယ်လို့ ဖော်ပြထားပါတယ်။ ၆၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။

ref : gsmarena

လာမယ့်လမှာ ကြေညာမယ့် Vivo iQOO Pro 5G

%d bloggers like this: