0 Shares 19 Views

Window 10 စနစ်သုံး Mobile ဖုန်းများကိုအသုံးပြုသူ ကမ္ဘာပေါ်တွင်တစ်သန်းကျော်ရှိလာ

microsoft_lumia_550_screen

လွန်ခဲ့တဲ့အပတ်က Microsoft က သူတို့ရဲ့ နောက်ဆုံးမျိုးဆက် Window OS စနစ်ကို ထုတ်ပြန်ခဲ့ပြီး၊ ယခုအခါမှာ Window 10 ကိုအသုံးပြုမောင်းနှင်နေတဲ့ ပစ္စည်းသန်း ၂၀၀ကျော်သွားခဲ့ပြီဖြစ်ပါတယ်။ အတည်ပြုချက်တွေအရ ဒီစနစ်ကိုလက်ခံမှုနှုန်းဟာ ဘယ်လိုလည်ပတ်မှုစနစ်တွေ ထက်မဆို အမြန်ဆုံးဖြစ်တယ်လို့သိရပါတယ်။

အခုဆိုရင်လည်း အမေရိကန်အခြေစိုက်ကုမ္ပဏီကြီးရဲ့ Window 10 Mobile စနစ်ကိုအသုံးပြုသူတွေဟာ ကမ္ဘာပေါ်မှာ တစ်သန်းကျော်ရှိလာတယ်လို့သိရပါတယ်။

Window အပတ်စဉ် Podcast အရ OS ကို PC တွေမှာအသုံးပြုသူ သန်း ၁၈၀ နဲ့ Xbox ဂိမ်းတွေမှာ အသုံးပြုသူ ၁၈သန်းဝန်းကျင်ရှိကြောင်းသိရပါတယ်။ နောက်ဆုံးထုတ်ပြန်ချက်အရတော့ သန်း၁၁၀ ၀န်းကျင်ဟာ Window 10 ကိုအသုံးပြုနေကြကြောင်း သိရပါတယ်။

ဒါပေမယ့် ကုမ္ပဏီဟာ အခုလောလောဆယ်မှာ Apple လိုမျိုး PC ရော Mobile ဘက်မှာပါအသုံးများတဲ့ OS တစ်ခုဖြစ်လာအောင်ရည်ရွယ်လျက်ရှိပြီး Window 10 ကို PC ကွန်ပြူတာတွေမှာရော Mobile Devices တွေမှာပါ အခမဲ့ ဒေါင်းလုဒ် ရယူနိုင်ဖို့ ပြီးခဲ့တဲ့ ဇူလိုင်လက လမ်းဖွင့်ပေးခဲ့ပါတယ်။ ဒါဟာ ၂၀၁၂ တုန်းကထွက်ခဲ့တဲ့ လေးလံတဲ့ Window 8 ကိုတိုက်ရိုက်အစားထိုးနိုင်အောင် စီစဉ်တာဖြစ်ပါတယ်။

Ref: Gadgets360

You may be interested

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
FEATURES, gadgets, Life Style
0 shares0 views

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ

Ko Thuya - Feb 17, 2019

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများကို ဖော်ပြပေးလိုက်ပါတယ်။ 11/2/2019 48MP Camera ပါလာမယ့် Vivo V15 Pro AR Navigation Feature ကို Google Maps မှာ စမ်းသပ်နေ 12/2/2019 ဆိုက်ဘာ လုံခြုံရေး အတွက်…

LG က ၂၄ ရက်နေ့မှာ 5G Phone ကို ကြေညာမည်
Android, HUBS, LG
88 shares12 views

LG က ၂၄ ရက်နေ့မှာ 5G Phone ကို ကြေညာမည်

Ko Thuya - Feb 17, 2019

နာမည်ကျော် Leaker တစ်ဦး ဖြစ်တဲ့ Evan Blass က LG ရဲ့ 5G Phone ဖြစ်တဲ့ V50 ThinQ ကို မျှဝေလိုက်ပါတယ်။ ဓါတ်ပုံမှ ဖုန်းပုံတွင် ၂၄ ရက်ကို ပြသထားတာကို မြင်ရတဲ့ အတွက်…

FullHD Display နဲ့ Android 9.0 Pie ပါလာမယ့် Huawei P30 နဲ့ P30 Pro
Android, Huawei, HUBS
136 shares27 views

FullHD Display နဲ့ Android 9.0 Pie ပါလာမယ့် Huawei P30 နဲ့ P30 Pro

Ko Thuya - Feb 17, 2019

Huawei က မတ်လကုန်မှာ P30 Series များကို ပြင်သစ်နိုင်ငံ ပဲရစ်တွင် ကြေညာမယ်လို့ ပြောထားပါတယ်။ Huawei P20 ကိုလည်း ပြီးခဲ့တဲ့ နှစ် မတ်လကုန်မှာ ပဲရစ်တွင် ကြေညာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ P30 နဲ့ P30…

Leave a Comment

Most from this category