Snapdragon 855+ ပါတဲ့ Black Shark 2 Pro ကို ကြေညာ

မေလမှာ ကြေညာခဲ့တဲ့ Black Shark 2 ရဲ့ Pro Model ကို ကြေညာလိုက်ပါတယ်။ Pro Model မှာ တိုးတက်မှု အနည်းငယ် ပါလာပါတယ်။ နောက်ဆုံးထုတ် Snapdragon 855+ နဲ့ UFS 3.0 Storage တွေ ပါလာပါတယ်။ အနောက်ဘက်မှာ RGB Lights အပို နှစ်ခု ပါလာပြီး ဒီဇိုင်းကို အနည်းငယ် ဆန်းသစ်ထားပါတယ်။

Black Shark 2 Pro မှာ ၆.၃၉ လက်မ FHD+ AMOLED Display ပါပါတယ်။ Black Shark က Touch Latency ကို လျှော့ချထားပြီး Black Shark 2 ရဲ့ 43.5ms ကနေ Pro မှာ 34.7ms အထိ လျှော့ချထားတယ်လို့ ပြောပါတယ်။ အဲဒီအတွက် ဂိမ်းကစားရင် ဖလန်းဖလန်းထနေမှာပါ။ နောက်ဆုံးထုတ် Snapdragon 855+ , 12GB RAM တွေ ပါပါတယ်။ 128 or 256GB Storage တွေ ရွေးချယ်နိုင်ပြီး ပိုမြန်တဲ့ UFS 3.0 ပါပါတယ်။

AnTuTu မှာ Black Shark 2 Pro ဟာ လက်ရှိ ဖုန်းတွေထဲမှာ အမှတ်အများဆုံးရသွားပြီး ၅၀၀,၆၁၀ ရထားပါတယ်။ Black Shark 2 Pro မှာ အပူချိန်ကို လျှော့ချပေးတဲ့ Liquid Cooling 3.0 ကို အဆင့်မြှင့်ထားပါတယ်။ အနောက်ဘက်မှာ 48MP+12MP Dual Cameras တွေ ထည့်သွင်းထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 20MP ပါ။ ဘက်ထရီက 4000mAh ဖြစ်ပြီး 27W Fast-charging ပါပါတယ်။ Android 9 Pie Stock Version မောင်းနှင်ထားပါတယ်။

တရုတ်မှာ သြဂုတ်လ ၂ ရက်မှာ ရောင်းမှာပါ။ အနက်၊ ငွေ၊ အပြာ၊ လိမ္မော်၊ ခရမ်းရောင်တွေ ထုတ်လုပ်ထားပါတယ်။ 12/128GB ကို ယွမ် ၂၉၉၉ နဲ့ 12/256GB ကို ယွမ် ၃၄၉၉ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၆၅၀ ၀၀၀ နဲ့ ၇၅၀ ၀၀၀ အသီးသီး ကျသင့်နိုင်ပါတယ်။

Ref : gsmarena

Snapdragon 855+ ပါတဲ့ Black Shark 2 Pro ကို ကြေညာ

%d bloggers like this: