Snapdragon 855+ ပါတဲ့ Black Shark 2 Pro ကို ေၾကညာ

ေမလမွာ ေၾကညာခဲ့တဲ့ Black Shark 2 ရဲ႕ Pro Model ကို ေၾကညာလိုက္ပါတယ္။ Pro Model မွာ တိုးတက္မႈ အနည္းငယ္ ပါလာပါတယ္။ ေနာက္ဆံုးထုတ္ Snapdragon 855+ နဲ႔ UFS 3.0 Storage ေတြ ပါလာပါတယ္။ အေနာက္ဘက္မွာ RGB Lights အပို ႏွစ္ခု ပါလာၿပီး ဒီဇိုင္းကို အနည္းငယ္ ဆန္းသစ္ထားပါတယ္။

Black Shark 2 Pro မွာ ၆.၃၉ လက္မ FHD+ AMOLED Display ပါပါတယ္။ Black Shark က Touch Latency ကို ေလွ်ာ့ခ်ထားၿပီး Black Shark 2 ရဲ႕ 43.5ms ကေန Pro မွာ 34.7ms အထိ ေလွ်ာ့ခ်ထားတယ္လို႔ ေျပာပါတယ္။ အဲဒီအတြက္ ဂိမ္းကစားရင္ ဖလန္းဖလန္းထေနမွာပါ။ ေနာက္ဆံုးထုတ္ Snapdragon 855+ , 12GB RAM ေတြ ပါပါတယ္။ 128 or 256GB Storage ေတြ ေရြးခ်ယ္ႏုိင္ၿပီး ပိုျမန္တဲ့ UFS 3.0 ပါပါတယ္။

AnTuTu မွာ Black Shark 2 Pro ဟာ လက္ရွိ ဖုန္းေတြထဲမွာ အမွတ္အမ်ားဆံုးရသြားၿပီး ၅၀၀,၆၁၀ ရထားပါတယ္။ Black Shark 2 Pro မွာ အပူခ်ိန္ကို ေလွ်ာ့ခ်ေပးတဲ့ Liquid Cooling 3.0 ကို အဆင့္ျမွင့္ထားပါတယ္။ အေနာက္ဘက္မွာ 48MP+12MP Dual Cameras ေတြ ထည့္သြင္းထားပါတယ္။ ဆဲလ္ဖီး ကင္မရာက 20MP ပါ။ ဘက္ထရီက 4000mAh ျဖစ္ၿပီး 27W Fast-charging ပါပါတယ္။ Android 9 Pie Stock Version ေမာင္းႏွင္ထားပါတယ္။

တရုတ္မွာ ၾသဂုတ္လ ၂ ရက္မွာ ေရာင္းမွာပါ။ အနက္၊ ေငြ၊ အျပာ၊ လိေမၼာ္၊ ခရမ္းေရာင္ေတြ ထုတ္လုပ္ထားပါတယ္။ 12/128GB ကို ယြမ္ ၂၉၉၉ နဲ႔ 12/256GB ကို ယြမ္ ၃၄၉၉ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၆၅၀ ၀၀၀ နဲ႔ ၇၅၀ ၀၀၀ အသီးသီး က်သင့္ႏုိင္ပါတယ္။

Ref : gsmarena

[Unicode]

Snapdragon 855+ ပါတဲ့ Black Shark 2 Pro ကို ကြေညာ

မေလမှာ ကြေညာခဲ့တဲ့ Black Shark 2 ရဲ့ Pro Model ကို ကြေညာလိုက်ပါတယ်။ Pro Model မှာ တိုးတက်မှု အနည်းငယ် ပါလာပါတယ်။ နောက်ဆုံးထုတ် Snapdragon 855+ နဲ့ UFS 3.0 Storage တွေ ပါလာပါတယ်။ အနောက်ဘက်မှာ RGB Lights အပို နှစ်ခု ပါလာပြီး ဒီဇိုင်းကို အနည်းငယ် ဆန်းသစ်ထားပါတယ်။

Black Shark 2 Pro မှာ ၆.၃၉ လက်မ FHD+ AMOLED Display ပါပါတယ်။ Black Shark က Touch Latency ကို လျှော့ချထားပြီး Black Shark 2 ရဲ့ 43.5ms ကနေ Pro မှာ 34.7ms အထိ လျှော့ချထားတယ်လို့ ပြောပါတယ်။ အဲဒီအတွက် ဂိမ်းကစားရင် ဖလန်းဖလန်းထနေမှာပါ။ နောက်ဆုံးထုတ် Snapdragon 855+ , 12GB RAM တွေ ပါပါတယ်။ 128 or 256GB Storage တွေ ရွေးချယ်နိုင်ပြီး ပိုမြန်တဲ့ UFS 3.0 ပါပါတယ်။

AnTuTu မှာ Black Shark 2 Pro ဟာ လက်ရှိ ဖုန်းတွေထဲမှာ အမှတ်အများဆုံးရသွားပြီး ၅၀၀,၆၁၀ ရထားပါတယ်။ Black Shark 2 Pro မှာ အပူချိန်ကို လျှော့ချပေးတဲ့ Liquid Cooling 3.0 ကို အဆင့်မြှင့်ထားပါတယ်။ အနောက်ဘက်မှာ 48MP+12MP Dual Cameras တွေ ထည့်သွင်းထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 20MP ပါ။ ဘက်ထရီက 4000mAh ဖြစ်ပြီး 27W Fast-charging ပါပါတယ်။ Android 9 Pie Stock Version မောင်းနှင်ထားပါတယ်။

တရုတ်မှာ သြဂုတ်လ ၂ ရက်မှာ ရောင်းမှာပါ။ အနက်၊ ငွေ၊ အပြာ၊ လိမ္မော်၊ ခရမ်းရောင်တွေ ထုတ်လုပ်ထားပါတယ်။ 12/128GB ကို ယွမ် ၂၉၉၉ နဲ့ 12/256GB ကို ယွမ် ၃၄၉၉ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၆၅၀ ၀၀၀ နဲ့ ၇၅၀ ၀၀၀ အသီးသီး ကျသင့်နိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: