၂ မိနစ္အတြင္း အလံုးေရ တစ္သိန္း ေရာင္းခ်ႏုိင္ခဲ့တဲ့ Honor 9X

Honor 9X နဲ႔ 9X Pro အတြက္ ပထမဆံုး Flash Sale ကို စတင္ ေရာင္းခ်ေပးလိုက္ပါၿပီ။ ၂ မိနစ္အတြင္းမွာ အလံုးေရ တစ္သိန္း ေရာင္းခ်ႏုိင္ခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလမွာ Honor 8X ကို စတင္ ေရာင္းခ်စဥ္ကထက္ ၂ ဆေလာက္ပိုျမန္စြာ ေရာင္းခ်ႏုိင္ခဲ့တယ္လို႔ Honor က ေျပာပါတယ္။

သူတို႔မွာ ၆.၅၉ လက္မ IPS LCD Screen ပါၿပီး 1080x2340p Resolution ျဖစ္ပါတယ္။ Pop-up Selfie Camera ပါပါတယ္။ အေနာက္ဘက္မွာ 48MP Main Camera, 8MP Ultra-wide Camera နဲ႔ 2MP Depth Camera မ်ားပါပါတယ္။ ပရို မဟုတ္တဲ့ ေမာ္ဒယ္မွာ ျမင္ကြင္းက်ယ္ ကင္မရာ မပါပါဘူး။ အေရွ႕ ကင္မရာက 16MP ပါ။ Octa-core Kirin 810 Chipset ေမာင္းႏွင္ထားပါတယ္။ Android 9 Pie အေျချပဳ EMUI 9.1 ပါပါတယ္။ GPU Turbo 3.0 က ဂိမ္းကစားရင္ ဖလန္းဖလန္းထေနမွာပါ။

ပရို ေမာ္ဒယ္မွာ 8GB RAM နဲ႔ 128GB or 256GB Storage မ်ား ပါပါတယ္။ သာမာန္ ေမာ္ဒယ္အတြက္ 4/64GB နဲ႔ 6/64GB မ်ားထုတ္ထားပါတယ္။ 512GB microSD Card စိုက္ႏိုင္ပါတယ္။ 4000mAh Battery ပါၿပီး လွ်င္ျမန္စြာ အားသြင္း စနစ္ မပါပါဘူး။ ဖုန္းရဲ႕ ေဘးဘက္မွာ လက္ေဗြရာ ကိရိယာ တပ္ဆင္ထားပါတယ္။

Ref : gsmarena

[Unicode]

၂ မိနစ်အတွင်း အလုံးရေ တစ်သိန်း ရောင်းချနိုင်ခဲ့တဲ့ Honor 9X

Honor 9X နဲ့ 9X Pro အတွက် ပထမဆုံး Flash Sale ကို စတင် ရောင်းချပေးလိုက်ပါပြီ။ ၂ မိနစ်အတွင်းမှာ အလုံးရေ တစ်သိန်း ရောင်းချနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ Honor 8X ကို စတင် ရောင်းချစဉ်ကထက် ၂ ဆလောက်ပိုမြန်စွာ ရောင်းချနိုင်ခဲ့တယ်လို့ Honor က ပြောပါတယ်။

သူတို့မှာ ၆.၅၉ လက်မ IPS LCD Screen ပါပြီး 1080x2340p Resolution ဖြစ်ပါတယ်။ Pop-up Selfie Camera ပါပါတယ်။ အနောက်ဘက်မှာ 48MP Main Camera, 8MP Ultra-wide Camera နဲ့ 2MP Depth Camera များပါပါတယ်။ ပရို မဟုတ်တဲ့ မော်ဒယ်မှာ မြင်ကွင်းကျယ် ကင်မရာ မပါပါဘူး။ အရှေ့ ကင်မရာက 16MP ပါ။ Octa-core Kirin 810 Chipset မောင်းနှင်ထားပါတယ်။ Android 9 Pie အခြေပြု EMUI 9.1 ပါပါတယ်။ GPU Turbo 3.0 က ဂိမ်းကစားရင် ဖလန်းဖလန်းထနေမှာပါ။

ပရို မော်ဒယ်မှာ 8GB RAM နဲ့ 128GB or 256GB Storage များ ပါပါတယ်။ သာမာန် မော်ဒယ်အတွက် 4/64GB နဲ့ 6/64GB များထုတ်ထားပါတယ်။ 512GB microSD Card စိုက်နိုင်ပါတယ်။ 4000mAh Battery ပါပြီး လျှင်မြန်စွာ အားသွင်း စနစ် မပါပါဘူး။ ဖုန်းရဲ့ ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။

Ref : gsmarena

%d bloggers like this: