Summer Honey အရောင် ထွက်လာတဲ့ Redmi K20 Pro

Redmi K20 Pro အတွက် Flame Red, Glacier Blue, Carbon Fiber အရောင်တွေ ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ Summer Honey အမည်ရ အရောင် အသစ်တစ်မျိုးကို ကြေညာလိုက်ပါတယ်။ 6GB/128GB ကို CNY2,599 ($380/€340), 8GB/128GB ကို CNY2,799 ($405/€365) နဲ့ 8GB/256GB ကို CNY2,999 ($435/€390) သတ်မှတ်ထားပါတယ်။ တရုတ်မှာ နောက်လ ၁ ရက်နေ့မှာ ရောင်းမှာပါ။

သူ့ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ Redmi K20 Pro မှာ 6.39-inch ရှိတဲ့ FHD+ OLED Display ပါရှိပြီး၊ ရှေ့ကင်မရာကို Pop-up ဒီဇိုင်းအသုံးပြုထားတာကြောင့် လုံးဝ မျက်နှာပြင်အပြည့်ဖြစ်နေမှာပါ။ ကျောကင်မရာ သုံးလုံးပါဝင်ပြီး၊ Sony IMX586 ဆန်ဆာသုံး 48MP main camera၊ Ultra-wide-angle lens နဲ့ 13MP ဒုတိယကင်မရာနဲ့ 8MP telephoto ကင်မရာတို့ ဖြစ်ပါတယ်။ slow-mo ဗီဒီယိုကို 960fps နဲ့ ရိုက်ကူးနိုင်မှာပါ။ ရှေ့က မော်တာတပ် Selfie ကင်မရာကတော့ 20MP sensor ဖြစ်ပါတယ်။ ကင်မရာမှာ AI လုပ်ဆောင်ချက်တွေလည်း ပါဝင်မှာပါ။

Redmi K20 Pro မှာ Flagship ဖုန်းတော်တော်များများမှာလိုပဲ 4,000mAh ဘက်ထရီကို အသုံးပြုပေးထားပါတယ်။ Xiaomi Mi 9 နဲ့ Black Shark 2 ဖုန်းတွေမှာ ပါဝင်တဲ့ 27W အားအမြန်သွင်းစနစ်လည်း ပါဝင်မှာပါ။ မိနစ် ၃၀ အတွင်း ၅၈ ရာခိုင်နှုန်းအထိ သွင်းပေးနိုင်ကာ၊ အားအပြည့်သွင်းဖို့ ၇၄ မိနစ်ပဲ ကြာမှာ ဖြစ်ပါတယ်။

Ref : gsmarena

Summer Honey အရောင် ထွက်လာတဲ့ Redmi K20 Pro

%d bloggers like this: