၁ လအတြင္း Nova 5 Smartphone ၂ သန္း ေရာင္းခ်ႏုိင္ခဲ့တဲ့ Huawei

Huawei က Nova 5 Series ေတြကို ဇြန္လ ၂၁ ရက္မွာ ေၾကညာခဲ့ပါတယ္။ အားလံုးေပါင္း သံုးလံုးပါ။ အဲဒီ ဖုန္းေတြမွာ Kirin 810 Chipset ကို စတင္ မိတ္ဆက္ခဲ့တာပါ။ Kirin 810 ကို Huawei က ေနာက္ထုတ္မယ့္ စြမ္းရည္သင့္ ဖုန္းေတြမွာ ထည့္သြင္းထားမွာျဖစ္ပါတယ္။

ေၾကညာအၿပီး ၅ ပတ္အၾကာမွာ Huawei က Nova 5 Series ေတြကို အလံုးေရ ၂ သန္းေရာင္းခ်ထားၿပီးၿပီလို႔ ေျပာပါတယ္။ Nova 5i , Nova 5 နဲ႔ Nova 5 Pro ေတြ ျဖစ္ပါတယ္။ အသစ္ ေၾကညာထားတဲ့ Nova 5i Pro ေတာ့ ဒီေရာင္းခ်မႈ စာရင္းထဲမွာ မပါပါဘူး။

တရုတ္မွာ ေလးႀကိမ္ဆက္တိုက္ ေရာင္းခ်ခဲ့တဲ့ Flash Sale ရလဒ္ေတြကို ကုမၸဏီက ေၾကညာတာ ျဖစ္ပါတယ္။ တရုတ္ ျပင္ပမွ ေရာင္းအားေတြကိုေတာ့ မသိရေသးပါဘူး။ Nova 5i Pro ပါ ပါမယ့္ ေနာက္ အသုတ္ ေရာင္းခ်မႈကို ၾသဂုတ္လ ၂ ရက္မွာ ျပဳလုပ္ေပးမွာ ျဖစ္ပါတယ္။ Vmall.com , JD.com တို႔ကေန ၀ယ္ယူႏိုင္မွာပါ။

Nova 5 ရဲ႕ 8/128GB Model ကို ၄၀၇ ေဒၚလာ သတ္မွတ္ထားပါတယ္။ Nova 5 Pro အတြက္ အနက္၊ ခရမ္း၊ အစိမ္းနဲ႔ လိေမၼာ္ေရာင္မ်ားထုတ္လုပ္ေပးထားၿပီး 8/128GB Model ကို ၄၃၆ ေဒၚလာ သတ္မွတ္ထားပါတယ္။ 8/256GB ကို ၄၉၄ ေဒၚလာ က်သင့္ပါတယ္။

Ref : gsmarena

[Unicode]

၁ လအတွင်း Nova 5 Smartphone ၂ သန်း ရောင်းချနိုင်ခဲ့တဲ့ Huawei

Huawei က Nova 5 Series တွေကို ဇွန်လ ၂၁ ရက်မှာ ကြေညာခဲ့ပါတယ်။ အားလုံးပေါင်း သုံးလုံးပါ။ အဲဒီ ဖုန်းတွေမှာ Kirin 810 Chipset ကို စတင် မိတ်ဆက်ခဲ့တာပါ။ Kirin 810 ကို Huawei က နောက်ထုတ်မယ့် စွမ်းရည်သင့် ဖုန်းတွေမှာ ထည့်သွင်းထားမှာဖြစ်ပါတယ်။

ကြေညာအပြီး ၅ ပတ်အကြာမှာ Huawei က Nova 5 Series တွေကို အလုံးရေ ၂ သန်းရောင်းချထားပြီးပြီလို့ ပြောပါတယ်။ Nova 5i , Nova 5 နဲ့ Nova 5 Pro တွေ ဖြစ်ပါတယ်။ အသစ် ကြေညာထားတဲ့ Nova 5i Pro တော့ ဒီရောင်းချမှု စာရင်းထဲမှာ မပါပါဘူး။

တရုတ်မှာ လေးကြိမ်ဆက်တိုက် ရောင်းချခဲ့တဲ့ Flash Sale ရလဒ်တွေကို ကုမ္ပဏီက ကြေညာတာ ဖြစ်ပါတယ်။ တရုတ် ပြင်ပမှ ရောင်းအားတွေကိုတော့ မသိရသေးပါဘူး။ Nova 5i Pro ပါ ပါမယ့် နောက် အသုတ် ရောင်းချမှုကို သြဂုတ်လ ၂ ရက်မှာ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ Vmall.com , JD.com တို့ကနေ ဝယ်ယူနိုင်မှာပါ။

Nova 5 ရဲ့ 8/128GB Model ကို ၄၀၇ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Nova 5 Pro အတွက် အနက်၊ ခရမ်း၊ အစိမ်းနဲ့ လိမ္မော်ရောင်များထုတ်လုပ်ပေးထားပြီး 8/128GB Model ကို ၄၃၆ ဒေါ်လာ သတ်မှတ်ထားပါတယ်။ 8/256GB ကို ၄၉၄ ဒေါ်လာ ကျသင့်ပါတယ်။

Ref : gsmarena

%d bloggers like this: