Reuters ရဲ့ သတင်းအရ TikTok ရဲ့ မိခင် ကုမ္ပဏီ ByteDance ဟာ စမတ်ဖုန်း လောကကို ဝင်ရောက်တော့မယ်လို့ သိရပါတယ်။ ကုမ္ပဏီဟာ အဲဒီ ဖုန်းကို ဖန်တီးနေတာ ခုနစ်လကြာပြီလို့ တရုတ် မီဒီယာ Caijing က ပြောပါတယ်။ ByteDance ဟာ ဖုန်းထုတ်လုပ်သူကုမ္ပဏီတစ်ခုဖြစ်တဲ့ Smartisan နဲ့ စာချုပ်ချုပ်ဆို ထားသလို Smartisan က ယခင် အရာရှိ Wu Dezhou အပါအဝင် ဝန်ထမ်းအချို့ကိုလည်း ငှားရမ်းခေါ်ယူထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် Smartisan ထံကနေ မူပိုင်ခွင့်အချို့ပါ ရရှိထားပြီးဖြစ်တာကြောင့် ဖုန်းထုတ်ဖို့ တော်တော်နီးစပ်နေပါပြီ။ ByteDance ကော Smartisan ကော ဘေဂျင်းအခြေစိုက် ကုမ္ပဏီတွေပဲ ဖြစ်ပါတယ်။ Smartisan ဟာ တရုတ်မှ ဖုန်း ကုမ္ပဏီငယ် ဖြစ်ပြီး လွန်ခဲ့တဲ့ ၇ နှစ်က အင်တာနက်ဆယ်လီ Luo Yonghao က စတင် တည်ထောင်ခဲ့တာပါ။ ၂၀၁၄ ခုနှစ်မှာ ပထမဆုံး ဖုန်း ဖြစ်တဲ့ Smartisan ကို ရောင်းချခဲ့ပါတယ်။
ဒီနှစ် အစောပိုင်းတုန်းကလည်း PUBG Mobile ထုတ်လုပ်ထားတဲ့ Tencent ကုမ္ပဏီက ကိုယ်ပိုင်ဖုန်းတစ်လုံး ထုတ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ Amazon နဲ့ Facebook တို့လည်း အထူးသီးသန့် Apps တွေနဲ့ ဖုန်းထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့ပါဘူး။ ထွက်ခဲ့ဖူးသမျှ ဆိုရှယ်ဖုန်းတွေကတော့ မအောင်မြင်တဲ့ အစဉ်အလာလေးတွေ ရှိပါတယ်။ TikTok ဖုန်း တကယ်ထွက်လာရင်လည်း ဒီအစဉ်အလာကို ရိုက်ချိုးနိုင်မလား စောင့်ကြည့်ရမှာပါ။
Ref : tnw
TikTok က ကိုယ်ပိုင် စမတ်ဖုန်းထုတ်ဖို့ ကြိုးစားနေ
You must log in to post a comment.