Xiaomi Mi Mix 4 မှာ Mi Mix 3 ထက် ပိုကောင်းတဲ့ Wireless Charging ပါလာနိုင်

Xiaomi ရဲ့ ထုတ်ကုန် ဒါရိုက် ဝမ်တန်က Mi Mix 4 ရဲ့ သတင်းအချက်အလက်တွေကို မကြာခဏ မျှဝေနေပါတယ်။ အခုလည်း Mi Mix 4 ရဲ့ ကြိုးမဲ့ အားသွင်း စနစ်ကို စောင့်ကြည့်သင့်တယ်လို့ ပြောလိုက်ပါတယ်။ အဲဒီအတွက် Mi Mix 4 မှာ Mi Mix 3 ထက် ပိုကောင်းတဲ့ Wireless Charging ပါလာနိုင်ပါတယ်။ Xiaomi က အဲဒီ ဖုန်းကို ကြေညာမယ့် အချိန်အတိအကျကို မပြောသေးပေမယ့် ဒီနှစ်နှောင်းပိုင်းမှာ ကြေညာနိုင်ပါတယ်။ Mi Mix 4 နဲ့ အတူ Mi Mix 4 5G ကိုပါ ကြေညာနိုင်ပါတယ်။ ဒီနှစ် အစောပိုင်းမှာ ကြေညာခဲ့တဲ့ Mi Mix 3 5G ဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G Phone ဖြစ်ပါတယ်။

၀မ်တန်က မကြာခင်က Mi Mix 4 မှာ Super Telephoto Lens ပါလာနိုင်တယ်လို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ စကားက အတိအကျသဘော မဟုတ်တဲ့ အတွက် မသေချာသေးပါဘူး။ Mi Mix 4 မှာ Popup Camera ပါလာမယ်လို့လည်း သတင်းထွက်နေပါတယ်။

Mi Mix 4 မှာ Qualcomm မကြာခင်က ကြေညာထားတဲ့ စွမ်းဆောင်ရည်မြင့် Snapdragon 855 Plus Chipset ပါလာနိုင်ပါတယ်။ Mi Mix 4 မှာ လျှင်မြန်စွာ အားသွင်း စနစ် ဖြစ်တဲ့ 100W Super Fast Charging ထည့်သွင်းထားနိုင်ပါတယ်။ မျက်နှာပြင်ရဲ့ ဘယ်နေရာကနေ မဆို လက်ဗွေရာနဲ့ ဖုန်းကို Unlock လုပ်နိုင်တဲ့ Under-display Fingerprint Sensor ပါလာနိုင်ပါတယ်။ စကရင်အောက်မှာ အရှေ့ ကင်မရာကို မြှပ်နှံထားနိုင်ပါတယ်။

Ref : indiatoday

Xiaomi Mi Mix 4 မှာ Mi Mix 3 ထက် ပိုကောင်းတဲ့ Wireless Charging ပါလာနိုင်

%d bloggers like this: