Xiaomi Mi Mix 4 5G ကို မှတ်ပုံတင်လိုက်ပြီ

Xiaomi Mi Mix 3 5G ဟာ ပထမဆုံး 5G Phones တွေထဲက တစ်လုံး ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ မျိုးဆက်သစ်ကို Xiaomi က ဖန်တီးနေပါတယ်။ Mi Mix 4 5G ကို တရုတ်ရဲ့ သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန(MIIT)မှာ မှတ်ပုံတင်ထားပါတယ်။

သူ့ရဲ့ မော်ဒယ် နံပါတ်ဟာ M1908F1XE ဖြစ်ပြီး MIIT Website မှာ တွေ့မြင်ရပါတယ်။ သူ့မှာ 5G ဆက်သွယ်မှု ပါပါတယ်။ သူဟာ Mi Mix 4 5G လို့တော့ MIIT Website မှာ ဖော်ပြထားခြင်း မရှိပါဘူး။ Xiaomi CEO Lei Jun က Mi Mix 4 5G ကို ဒီနှစ် ဒုတိယ နှစ်ဝက်မှာ ကြေညာမယ်လို့ ပြောထားပါတယ်။ Mix Series တွေကို ဒုတိယ နှစ်ဝက်မှာ ကြေညာလေ့ ရှိတဲ့ အတွက် အခုဖုန်းဟာ Mi Mix 4 5G ဖြစ်ဖို့ သေချာနိုင်ပါတယ်။

5G အစိတ်အပိုင်းတွေဟာ ကုန်ကျစားရိတ်များတဲ့ အတွက် စွမ်းရည်မြင့် စမတ်ဖုန်းတွေမှာသာ ထည့်သွင်းပေးထားကြပါတယ်။ Mi Mix 4 5G မှာ Qualcomm ရဲ့ နောက်ဆုံးထုတ် Snapdragon 855+ Chipset ထည့်သွင်းထားနိုင်ပါတယ်။ Mi Mix 4 နဲ့ Mi Mix 4 5G တို့ဟာ 5G ကလွဲပြီး အခြား Specs တွေက တူညီနိုင်ပါတယ်။

Samsung က မေလက 64MP ISOCELL Bright GW1 Sensor ကို ကြေညာခဲ့ပါတယ်။ အဲဒီ ကင်မရာ တပ်ဆင်ထားတဲ့ စမတ်ဖုန်းတစ်လုံးကို Redmi ကလည်း ဖန်တီးနေပြီး ဒီနှစ်ရဲ့ ဒုတိယ နှစ်ဝက်မှာ ကြေညာမယ်လို့ မကြာခင်က သတင်းထွက်နေပါတယ်။ Xiaomi ရဲ့ ထုတ်ကုန် ဒါရိုက်တာ ဖြစ်သူWang Teng က အဲဒီ ကင်မရာထက် ကောင်းတဲ့ ကင်မရာကို Mi Mix 4 မှာ ထည့်သွင်းထားမယ်လို့ အရင်က ပြောခဲ့ဖူးပါတယ်။

Ref : gsmarena

Xiaomi Mi Mix 4 5G ကို မှတ်ပုံတင်လိုက်ပြီ

%d bloggers like this: