Xiaomi က အိန္ဒိယမှာ ကွာတား ၈ ခု ဆက်တိုက် ဖုန်းရောင်းအား အကောင်းဆုံးဖြစ်နေ

Xiaomi ဟာ ပေးရတဲ့ ဈေးထက် တန်တဲ့ ဖုန်းတွေကို ထုတ်လုပ်ရောင်းချရာမှာ နာမည်ကြီးပါတယ်။ သူ့ရဲ့ ဖုန်းတွေဟာ အိန္ဒိယမှာ ရောင်းအား အကောင်းဆုံး ဖြစ်နေပါတယ်။ အခုလည်း ဒီနှစ်ရဲ့ ဒုတိယ ကွာတားမှာ သူဟာ ရောင်းအား အကောင်းဆုံး ဖြစ်လာပါတယ်။ ဒီစစ်တမ်းကို ဈေးကွက် သုတေသန အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ Canalys က ထုတ်ပြန်လိုက်တာပါ။ Xiaomi က အိန္ဒိယမှာ ကွာတား ၈ ခု ဆက်တိုက် ဖုန်းရောင်းအား အကောင်းဆုံးဖြစ်နေတာက အံ့မခန်း ရလဒ်ပါ။

Xiaomi ဟာ အရင်နှစ် ဒုတိယ ကွာတား မှာ ဖုန်း အလုံးရေ ၉.၉ သန်း ရောင်းချရပြီး ဒီနှစ် ဒုတိယ ကွာတားမှာ ၁၀.၃ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ ရောင်းအား ၄ ရာခိုင်နှုန်းတိုးတက်လာတာပါ။ Samsung က နံပါတ် ၂ နေရာမှာ ရပ်တည်နေပါတယ်။ Samsung ဟာ အရင်နှစ် ဒုတိယ ကွာတားမှာ ၉.၉ သန်းနဲ့ ဒီနှစ်မှာ ၇.၃ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ ရောင်းအား ၂၇ ရာခိုင်နှုန်း ကျဆင်းသွားတာပါ။ နံပါတ် ၃ နဲ့ နံပါတ် ၄ နေရာမှာ Vivo နဲ့ OPPO တို့ ရပ်တည်နေပါတယ်။

အိန္ဒိယရဲ့ ဖုန်းရောင်းအားဟာ အရင်နှစ် ဒုတိယ ကွာတားထက် ဒီနှစ် ဒုတိယ ကွာတားမှာ ဝ.၅ ရာခိုင်နှုန်း ကျဆင်းသွားပေမယ့် သိပ်မပြောပလောက်တဲ့ ပမာဏပါ။ အိန္ဒိယမှာ ဒေါ်လာ ၂၀၀ နဲ့ ၃၀၀ အကြား စွမ်းရည်သင့် ဖုန်းတွေ ရောင်းအားကောင်းနေပါတယ်။ စွမ်းရည်နိမ့် ဖုန်းများကနေ စွမ်းရည်သင့် ဖုန်းတွေကို ပြောင်းလဲ သုံးစွဲမှု မြင့်မားနေပါတယ်။

Ref : gsmarena

Xiaomi က အိန္ဒိယမှာ ကွာတား ၈ ခု ဆက်တိုက် ဖုန်းရောင်းအား အကောင်းဆုံးဖြစ်နေ

%d bloggers like this: